ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စည်သူမောင်ကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်ကြောင့် ပျိုတိုင်းကြိုက်နေရတဲ့နှင်းဆီခိုင်မင်းသားတစ်လက်ဖြစ်ပါတယ်နော်။စည်သူမောင်ကတော့ လက်တလောမှာ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့မေတ္တာကိုခံယူနေဆဲဖြစ်ပါတယ်။စည်သူမောင်ကတော့ ရုပ်ချောသဘောကောင်းသူတစ်ယောက်ဖြစ်ပြီး မျက်နှာလေးက ချိုမြနေလို့ လူချစ်လူခင်ကလည်း အရမ်းပေါပါတယ်နော်။

စည်သူမောင်ကတော့ မိဘအပေါ်မှာလည်း လိမ္မာသိတတ်တဲ့သားလေးတစ်ယောက်ဖြစ်ပြီး မိဘတွေကို လိုလေသေးမရှိအောင်ထားပေးကာ သေချာဂရုတစိုက်နဲ့စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။စည်သူမောင်က မိသားစုအပေါ်ကိုလည်း တာဝန်ကျေသလို တစ်ခြားလူမှုရေး၊စီးပွားရေး၊အနုပညာအလုပ် စတာတွေကိုပါ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ စည်သူမောင်ရဲ့မိဘအပေါ်သိတတ်လိမ္မာတဲ့စိတ်ထားလေးကို ချီးကျူးလေးစားနေကြတာပဲဖြစ်ပါတယ်။

စည်သူမောင်ရဲ့မေမေကတော့ ကင်ဆာရောဂါနဲ့ လတိုင်းဆေးသွင်းမှုတွေပြုလုပ်နေရပြီး စည်သူမောင်ကတော့ မေမေဆေးသွင်းတိုင်း အနီးကပ်ပြုစုစောင့်ရှောက်တာပါနော်။အခုဆိုရင်လည်း စည်သူမောင်က မေမေ့ရဲ့ ၁၁ကြိမ်မြောက် ဆေးသွင်းတာကို ဆေးရုံသို့လိုက်ပါပြီး ဘေးကနေ အားဖြည့်ပေးကာ အစားအသောက်တွေဆိုလည်း ကိုယ်တိုင်ခွံကျွေးနေတဲ့အပြင် ခြေဆုပ်လပ်နယ်ပြုစုပေးနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 

Source:Si Thu Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။