အိမ်ထောင်သက်တမ်း ဆယ်စုနှစ်တိုင်ကျော်ဖြတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးချောလေးတွေပိုင်ဆိုင်ထားတာပဲ ဖြစ်ပြီး သမီးလေးတွေရဲ့သိတတ်လိမ္မာမှုတွေကြောင့်လည်း ဇနီးမောင်နှံနှစ်ယောက်လုံး ကြည်နူးပီတိဖြစ်နေရတာပါ။  

သမီး(၃)ယောက်လုံးဟာလည်း ပညာရေးမှာလည်း ထူးချွန်ထက်မြက်သူများဖြစ်ကြပြီး ချစ်စရာကောင်းလွန်းတာကြောင့်လည်း ပရိသတ်တွေကဝိုင်းချစ်နေရတာပါ။ သူတို့ဇနီးမောင်နှံဟာ အလှူအတန်းမှာလည်း လက်မနှေးသူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အလှူအတန်းတွေဟာ မြင်ရသူတိုင်းကို ကြည်နူးစေတာပါ။

သမီးလေးတွေကိုအချိန်ပြည့် ပြုစုစောင့်ရှောက်နေတာကြောင့် အနုပညာအလုပ်တွေကိုမလုပ်တော့တဲ့ နန္ဒာလှိုင်ကတော့ အခုတစ်ခေါက်မှာ သမီးအငယ်လေးဖြစ်တဲ့ မဒီကို စနောက်ထားတဲ့ ဗီဒီယိုလေးကို ဝေမျှလိုက်တာပါ။ ဒီဗီဒီယိုလေးထဲမှာ မေမေအနုပညာအလုပ်တွေပြန်လုပ်မယ်လို့ မဒီလေးကိုစနောက်နေတာပဲဖြစ်ပြီး သမီးလေးကမလုပ်ရဘူးဆိုပြီး ရှိုက်ကြီးတငင်ငိုနေတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Nandar Hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။