ဘာစီလိုနာအသင်းရဲ့ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီကတော့ဘောလုံးရာသီသစ်ပြန်မစခင်မှာမိသားစုနဲ့တူတူအပန်းဖြေနေတာဖြစ်ပါတယ်။မက်ဆီဟာချစ်ဇနီးလေးအပါအဝင်သားသမီးတွေနဲ့ကမ်းခြေလေးကိုရောက်ပြီးတစ်နှစ်ပတ်လုံးပင်ပန်းခဲ့သမျှကို မိသားစုနဲ့အချိန်ကုန်ပြီးအနားယူနေတာဖြစ်ပါတယ်။မက်ဆီဟာနိုင်ငံအသင်း၊ကလပ်အသင်းကိုချစ်ခင်သူတစ်ယောက်ဖြစ်ရုံသာမကမိသားစုကိုပါချစ်မြတ်နိုးသူတစ်ယောက်ပါ။

သူကတော့ခုမှာပျော်ရွှင်စရာအချိန်လေးမှာချစ်ဇနီးလေးနဲ့တူတူအကြင်နာအနမ်းတွေနဲ့ပျော်ရွှင်နေတာဖြစ်ပါတယ်။ဘောလုံးရာသီတွေမစခင်မှာမိသားစုရဲ့အချစ်တွေနဲ့ရာသီသစ်မှာ အားအင်တွေအပြည့်ရဖို့အနားယူနေတာပါ။မက်ဆီဟာကိုပါအမေရိကပြိုင်ပွဲမှာ ဝေဖန်မှုတွေခံနေရတာဖြစ်ပြီး အောင်မြင်မှုတွေနဲ့လည်းဝေးကွာခဲ့တာပါ။

ဒါကြောင့်နိုင်ငံအသင်းမှာအောင်မြင်မှုတွေမရခဲ့တဲ့မက်ဆီကိုချစ်ဇနီးလေးက အနမ်းတွေနဲ့နွေးထွေးစွာထွေးပွေ့ထားတာပါ။မက်ဆီကတော့ဒီအချိန်လေးတွေမှာ ပူပင်မှုမရှိပျော်ရှင်နေတာဖြစ်ပါတယ်။ချစ်ဇနီးလေးကိုလည်းကြင်နာစွာထွေးပွေ့ရင်း အနမ်းတွေနဲ့ဖလှယ်ထားတဲ့ မက်ဆီတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ VIDEO လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Daily Mail


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။