တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူတွေကတော့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အခြားသမီးရည်းစားစုံတွဲတွေလို စိတ်ဆိုးစိတ်ကောက်ကြတာ သိပ်မရှိကြတာကြောင့်် ပရိသတ်တွေက အားကျနေရတာပါ။ သူတို့နှစ်ယောက်ဟာ ကိုယ်ဝါသနာပါရာ အနုပညာလမ်းကြောင်းကို အတူတကွလျှောက်လှမ်းနေကြတာပါ။ 

ဖြိုးလေးဟာလည်း ချစ်သူဝါဆိုနဲ့ပက်သက်တဲ့အကြောင်းအရာလေးတွေကို သီချင်းများရေးသားသီဆိုတတ်သူပါ။ ဝါဆိုဟာလည်း သရုပ်ဆောင်ဘက်တွင်သာမကပဲ အသံပါရမီရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း သူတို့နှစ်ယောက်တွဲဖက်သီဆိုထားတဲ့ သီချင်းအသစ်လေးတွေလည်း ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ သီချင်းသစ်များကိုစောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ အခုတစ်ခေါက်မှာလည်း လတ်တလောတွင် လူမှုကွန်ယက်စာမျက်တွင် ခေတ်စားနေတယ့် Applicaton လေးနဲ့ ပြုလုပ်ထားတဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ။ ပရိသတ်တော်တော်များများကလည်း သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မမှတ်မိနိုင်လောက်ကို ဖြစ်ခဲ့ကြတာပါ။ ပရိသတ်ကြီး အတွက် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Phyo Layy And Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။