ဒေါင်းကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ အခိုင်အမာရရှိထားတဲ့ မင်းသားချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကို ရယူပိုင်ဆိုင်ထားတဲ့ ဒေါင်းကတော့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တော် အနပညာရှင်တစ်ယောက်ဆိုလဲ မမှားပါဘူး ။

ပရိသတ်တွေရဲ့ အသည်းကျော်လေးဒေါင်းကတော့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ " ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်အတွက် ရေစကြိုမြို့နယ် ဖြုံဘူးရွာကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုကျီးညိုဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ယခုမှာတော့ အသက်၈၅နှစ်ရှိပြီတဲ့ အဖွားအိုတစ်ယောက် တစ်ခြားရွာကနေ တစ်ကူးတကနဲ့ အပင်ပန်းခံကာ မင်းသားချောလေး ဒေါင်းကိုလာကြည့်ခဲ့ပါတယ်။အသက်၈၅နှစ်ရှိပြီတဲ့ အဆိုပါအဖွားအိုက မင်းသားချောလေးဒေါင်းကို ပုဂံမြို့သူတုန်းဇာတ်လမ်းတွဲထဲကိုက မလွတ်တန်းကြည့်ရူအားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကတော့ ယခုမှာ ဖြုံဘူးဆိုတဲ့ ရွာလေးမှာ အရမ်းကိုပျော်ရွှင်နေပါတယ်။

source: ဘဝအားမာန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။