စမိုင်းလ်ဟာဆိုရင် ကလေးနှစ်ယောက်မွေးပြီးခါစ ဝိတ်တွေ အရမ်းတက်သွားပေမယ့် သူမရဲ့ ကြိုးစားပမ်းစား၊ လေ့ကျင့်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်အလှတရားကို ပြန်လည်ရရှိလာတာပါနော်...။ သူမရဲ့ လေ့ကျင့်ခန်း အတွေ့အကြုံတွေကို ပြန်လည်မျှဝေ ရေးသားထားတဲ့ "Sharing is caring" ဆိုတဲ့ စာအုပ်ဟာဆိုရင်လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အောင်မြင်ရုံသာမက အပြင်လောကမှာလည်း ဝယ်ယူအားပေးသူ အမြောက်အမြားရရှိထားတာပါ...။

စမိုင်းလ်ဟာဆိုရင် သူမရဲ့ချစ်ခင်ပွန်းနဲ့အတူ လိမ္မာတဲ့ သမီးချောလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်...။ စမိုင်းလ်က တစ်ခေတ်တစ်ခါ မြန်မာ့ရုပ်ရှင်ဗီဒီယိုလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုအချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးဝန်းရံမှုတွေ ရရှိထားဆဲပါနော်..။ နိုင်ငံ အနှံ့အပြားကို အပန်းဖြေခရီးထွက်လေ့ရှိတဲ့ စမိုင်းလ်တို့ မိသားစုလေးဟာ အခုလတ်တလောမှာတော့ အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေပြီး နာမည်ကြီးတော်တော်များများသို့ လည်ပတ်ပြီးပြီပဲဖြစ်ပါတယ်..။

စမိုင်းလ်က သူမတို့ခရီးသွားနေတဲ့ တောက်လျှောက် ပရိသတ်ကြီးလည်း သူမတို့ မိသားစုရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုခံစားလို့ရအောင် အစဉ်အမြဲ ထုတ်ဖော်ပြသပေးနေတာပါနော်...။ အခုတစ်ခါမှာဆိုရင်လည်း "Miami" ကမ်းခြေသို့ ရောက်ရှိနေပြီး တစ်ကိုယ်တော် စွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို သူမရဲ့ official page နဲ့ Instagram တို့တွင် တင်ဆက်ထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ စမိုင်းလ်တို့ မိသားစုလေး ကျန်းကျန်းမာမာနဲ့ အပန်းဖြေခရီးတွေ ထွက်လို့ရအောင် ဆုတောင်းစကားလေးတွေ မန့်ပေးသွားပါဦးနော်..။

Source စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။