ရန်ကုန်မြို့မှာရှိတဲ့ Novotel Hotel မှာ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၆ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာစားပွဲ ကိုကျင်းပခဲ့ပါတယ်။မိတ်ဆုံညစာစားပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာရေးဆရာ ဆရာမများအား ရင်းရင်နှီးနှီး လိုက်လံနှုတ်ဆက်ပြီး စာပေနှင့် နှီးနွယ်သည့် အကြောင်းအရာများကို အပြန်လှန်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော်တွင် စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည့်အခါ အားလုံးမပါဝင် သည်ကိုသတိပြုမိပါကြောင်း၊ မိမိတို့နိုင်ငံ၏ စာနယ်ဇင်းလောကမှာ ကျယ်ပြန့် ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှုနှင့် ဂုဏ်သိက္ခာမှာ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာအရည် အချင်းပေါ်တွင် မူတည်ပါကြောင်း၊ ပညာဆိုသည်မှာ မှန်မှန်ကန်ကန်သုံး သပ်နိုင်ခြင်းဟု ယုံကြည်ယူဆ ပါကြောင်း၊ မှန်မှန်ကန်ကန်ဆင်ခြင်သုံး သပ်နိုင်ရန်ဆိုလျှင် ဘဝအတွေ့အကြုံနှင့် စာပေအတွေ့အကြုံများမှာ အရေးကြီးပါကြောင်း၊ မိမိတို့ပြည်သူ၊ ပြည်သားများ အမြင်ကျယ် ပြန့်လာစေရန်ဆောင်ရွက်ပေးသည့်အတွက် စာပေလောကမှ ပုဂ္ဂိုလ်များကို လေးစားကျေးဇူးတင်ပါကြောင်း၊ မိမိတို့နိုင်ငံမှ စာနယ်ဇင်းပုဂ္ဂိုလ်များအနေဖြင့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ အမြင်ကျယ်ခြင်း ၏ကောင်းကျိုးများနှင့် အမြင်ကျယ်ခြင်းသည်မိမိတို့ လူ့အသိုင်း အဝိုင်းကို မည်သို့ဆောင်ရွက်ပေးနိုင်သည်ကို ပညာပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိရန်၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတိုးတက်လာစေရန် စာနယ်ဇင်း ပုဂ္ဂိုလ်များက ဝိုင်းဝန်းကူညီပေးကြ မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲပါတယ်။

ပြန်ကြာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က မိတ်ဆုံညစာစားပွဲ ကျင်းပခြင်းရဲ့ ရွယ်ရည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။စာရေးဆရာ၊ ဆရာမ များကိုယ်စား စာရေးဆရာ မောင်ခင်ခင်(ဓနုဖြူ) မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ ၊စာရေးဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါတယ်။

source MOI Webpotal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။