ပရိသတ်ကြီးရေ အနုပညာအလုပ်တွေတွေကို အရင်ကလောက်မလုပ်တော့ဘဲ သာလေးကိုသာ သူမရဲ့ ကိုယ်ပိုင်အချိန်တွေကို ပေးထားသူကတော့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ခင်ပွန်းရဲ့ အလိုက်သိတတ်စွာ ပြုစုဂရုစိုက်မှုတွေကြောင့် ပျော်ရွှင်ကြည်နူးနေတာပါ။ လက်တလောမှာလည်း ဟောပေါ့ဆိုင်ခွဲသစ်တစ်ခု ဖွင့််လှစ်တော့မှာပါ။  

သူမဟာ ဒုတိယကိုယ်ဝန်ကိုလွယ်ထားရတာပဲဖြစ်ပြီး သမီးလေးလူ့လောကထဲရောက်ရှိလာမယ့်နေ့ရက်တွေကို ရင်ခုန်စွာစောင့်မျှော်နေတာပါ။ သာလေးကလည်း ညီမလေးရတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်ကြည်နူးနေတာပါ။ သူတို့ဇနီးမောင်နှံဟာ သားလေးကို အပန်းဖြေခရီးစဉ်တွေ မကြာခဏလိုက်ပို့ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။  

သားလေးနဲ့ ပက်သက်ပြီး လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သားလေးက သူမကို မာမားလို့တီတီတာတာလေးခေါ်ကာ ချွဲနေတဲ့ဗီဒီယိုလေးကို ထပ်မံဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း Peach Lay ရဲ့ လှုပ်ရှားမှုတိုင်းကို ချစ်မဝဖြစ်နေရတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Thinzar Nwe Win 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။