ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီနန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ရင်ကိုလွှမ်းမိုးနိုင်ခဲ့တဲ့ မင်းသမီးချောတစ်လက်ပါနော်။နန္ဒာလှိုင်ရဲ့ ပြစ်မျိုးမှဲ့မထင်အလှအပတွေကလည်း ပရိသတ်တွေချီးကျူးကြသလို သူမရဲ့စကားမပီတာလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်နော်။နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါမှာအောင်မြင်မှုတွေရရှိခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်ပါတယ်။

စတိုင်လ်ခပ်မိုက်မိုက်နဲ့ အရမ်းရေပန်းစားခဲ့တဲ့ ရာဇာနေဝင်းကတော့ တစ်ခေတ်တစ်ခါမှာ သူမတူတဲ့ဒီဇိုင်းတွေနဲ့စတိုင်လ်တွေကို ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ခဲ့ရတာပါနော်။ရာဇာနေဝင်းရဲ့စတိုင်လ်ကို ကြိုက်ကြလွန်းလို့ တစ်ချို့ပရိသတ်တွေကတောင် သူ့ရဲ့စတိုင်လ်အတိုင်းလိုက်လုပ်ကြတာကိုတွေ့ရပါတယ်နော်။ရာဇာနေဝင်းကလည်း အနုပညာလောကမှာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုရရှိထားတာဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ အေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စွာနေထိုင်နေတာကြောင့် အနုပညာအလုပ်တွေကိုရပ်နားလိုက်ပေမယ့် ပရိသတ်တွေနဲ့တော့ အလှမ်းမဝေးကွာသေးပါဘူးနော်။ရာဇာနေဝင်းကတော့ လက်တလောမှာ အနုပညာလှုပ်ရှားမှုတွေမတွေ့ရတော့တာကြောင့် ပရိသတ်တွေကလည်းသတိရနေကြပါတယ်။အခုဆိုရင်တော့ နန္ဒာလှိုင်က ရာဇာနေဝင်းနဲ့အတူရိုက်ကူးခဲ့တဲ့"ချစ်ပါနော်မောင့်ကို"ဇာတ်ကားကြီးရဲ့အမှတ်တရပုံရိပ်လေးကို ပြန်လည်မျှဝေခဲ့ပါတယ်နော်။

Source:Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။