မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေလည်း မနားတမ်းရိုက်ကူးနေရပြီး အောင်မြင်မှု သရဖူဆောင်းထားသူလေး ဖြစ်ပါတယ်။ သင်ဇာရဲ့မျက်နှာလေးက သွယ်သွယ်လျလျလေးနဲ့ ချစ်စရာကောင်းသလို သူမရဲ့ခန္ဓာကိုယ်လေးကလည်း ဆွဲဆောင်မှုအပြည့်နဲ့ ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်ဇာ့ကို ယောက်ျားလေးပရိသတ်တွေက အပြတ်အသတ် ဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်မျိုး မရိုးနိုင်လောက်အောင် သူမတူတဲ့ အလန်းစားဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ သင်ဇာက ကိုကို၊မောင်မောင်တွေရဲ့ နှလုံးသားကို ဖမ်းစားထားတာ ဖြစ်ပါတယ်။ အခုတလောမှာလည်း သင်ဇာက ပွဲအခမ်းအနားတွေကို ဆက်တိုက်ဆိုသလို တက်ရောက်လို့လာပါတယ်။ မနေ့က ရွှေပြည်သာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ " GREE Air Conditioner " ရဲ့ ပွဲလေးကိုလည်း သင်ဇာက တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဒီပွဲလေးမှာတော့ သင်ဇာက အနီရောင်ဖက်ရှင်လေးနဲ့ အတောက်ပဆုံးလှနေတာကြောင့် ပွဲတက်လာသူအားလုံးက ငေးမောကြည့်ရှုခဲ့ရတာပဲ ဖြစ်ပါတယ်။ ပါးလွှာတဲ့ဇာလေးကို လွှမ်းခြုံထားတဲ့ သင်ဇာက ဖြူဖွေးဝင်းမွတ်တဲ့ စွဲမက်ဖွယ်အလှတရားတွေနဲ့ ညို့အားပြင်းပြင်း လှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပွဲတက်ခဲ့တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw;

Photo Credit-Nay Min Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။