ဇွဲပြည့်ကတော့ ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းတွေကို ပိုင်ဆိုင်ထားတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး မျက်နှာချိုချိုလေးကလည်း ပရိတ်သတ်တွေ သတိထားမိစေတဲ့ သူရဲ့ ထူးခြားမှုလေးတစ်ခုလည်း ဖြစ်ပါတယ် ။ခန့်ညားတဲ့ ရုပ်ရည်နဲ့ သီချင်းဆိုလဲ ကောင်းသူမို့ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးတာခံရတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

ယခုမှာတော့ပရိသတ်တွေရဲ့ ရင်ထဲကို အချစ်သီချင်းလေးနဲ့ ဝင်ရောက်နေရာယူထားနိုင်တဲ့ ဇွဲပြည့်ဟာ သူရဲ့ သိပ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ မင်္ဂလာဆောင်တော့မှာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ ပြင်ဦးလွင်မြို့က ပြင်ဦးလွင်မြို့တော်ခန်းမှာပြုလုပ်မှာပဲ ဖြစ်ပြီး မင်္ဂလာပွဲကိုတော့ မနက်ဖြန် ဇူလိုင်လ၁၉နေ့မှာ ကြီးကျယ်ခန်းနားစွာကျင်းပတော့မှာပဲ ဖြစ်ပါတယ်။

ဇွဲပြည့်ရဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းကို ပရိသတ်တွေကတော့ အခုလို မင်္ဂလာရက်နီးမှာ သိရှိလိုက်ရလို့ အံအားသင့်နေခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဇွဲပြည့်တို့စုံတွဲလေးကို ရာသက်ပန်ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ပါစေကြောင် ရတုပေါင်းများစွာ ဖြတ်သန်းနိုင်ပါ စေ ကြောင်း ဆုမွန်ကောင်းပေးနေကြပါတယ်။

source:Zwe Pyae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။