မိတ်ကပ်မေဦးနဲ့သူ့ချစ်သူလေး ဟန်လင်းတို့နှစ်ဦးလက်တွဲခဲ့တာ ချစ်သက်တမ်း ၉ လပြည့်သွားပါပြီ ။

သူတို့ဟာတစ်ဦးနဲ့ တစ်ဦး အရမ်းကိုချစ်ကြတယ်လို့ နာမည်ကြီးပါတယ် ။

များသောအားဖြင့်လိင်တူချစ်သူတွေဟာ လူသိမခံဘဲတွဲလေ့ရှိကြပေမယ့် Cele စုံတွဲလဲဖြစ်တဲ့ မေဦးနဲ့ ဟန်လင်းတို့နှစ်ဦးဟာ

သူတို့ရဲ့ အချစ်ရေးကို ဖုံးကွယ်ထားခြင်းမရှိပါဘူး ။ ပုံမှန်ချစ်သူတွေလို အတူတူသွားအတူတူစားအတူတူလည်ရင်း

အချစ်လမ်းခရီးလေးကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ် ။ ချစ်သက်တမ်း ၉ လပြည့်အမှတ်တရနေ့လေးဟာ တိုက်တိုက်ဆိုင်ဆိုင်

ကိုရီးယားရောက်နေတဲ့အချိန်ဖြစ်တာမို့ သူတို့နှစ်ယောက်ဟာ ကိုရီးယားမှာ Romantic ဆန်ဆန် ဓါတ်ပုံလေးတွေ အမှတ်တရရိုက်ရင်း်
၉ လပြည့်အပျော်တွေကိုဝေမျှလိုက်ပါတယ် ... ချစ်ဖို့ကောင်းလား ပရိတ်သတ်ကြီးရေ ...

Source : Han Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။