ချယ်လ်ဆီးအသင်းကနေရီးရဲအသင်းကိုပြောင်းရွေ့သွားခဲ့တဲ့ဟာဇက်ကတော့ ရီးရဲအသင်းမှာလေ့ကျင့်ခန်းတွေစတင်လုပ်နေပြီပဲဖြစ်ပါတယ်။ဟာဇက်ကတော့ချယ်လ်ဆီးအသင်းနဲ့တူတူအောင်မြင်မှုတွေများစွာယူခဲ့ပြီးနောက်စပိန်ထိပ်သီးကိုစံချိန်တင်ပြောင်းရွေ့ကြေးနဲ့ပြောင်းရွေ့ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲအသင်းအတွက်တော့ဟာဇက်လိုကစားသမားကောင်းတစ်ယောက်ကိုခေါ်ယူနိုင်ခဲ့တာကတော့ အသင်းအတွက်အကောင်းဆုံး ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဟာဇက်ကတော့ဒီနှစ်ရီးရဲအသင်းမှာစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။စပိန်ထိပ်သီးဘာစီလိုနာအသင်းနဲ့ချန်ပီယံဖြစ်ဖို့ရင်ဆိုင်ယှဉ်ပြိုင်ရမှာကြောင့် ဟာဇက်အနေနဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ခုချိန်ထဲကရာသီကြိုခြေစမ်းပွဲတွေကိုပါဝင်ကစားပြီးအသင်းကကစားသမားတွေနဲ့အံဝင်အောင်ကြိုးစားနေတာဖြစ်ပါတယ်။

ခုမှာလည်းဟာဇက်အနေနဲ့ခုလာမယ့်ရာသီသစ်အတွက်ဝတ်ဆင်မယ့် ဖိနပ်ကိုလည်းမိတ်ဆက်လိုက်တာပါ။Nike ကစပွန်ဆာပေးထားဖြစ်ပြီးအဖြူရောင်ပေါ်မှာရွှေရောင်လေးတွေအပြာရောင်လေးတွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။ဖိနပ်လေးကိုတော့ Nike ကသေချာထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဟာဇက်ရဲ့အမိုက်စားဖိနပ်ဒီဇိုင်းလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။