အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေအားပေးမှုများစွာကို ရရှိထားတဲ့ ချမ်းချမ်းကတော့ သူများနဲ့မတူ တစ်မူထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဆွဲငင်အားပြင်းတဲ့အသံပိုင်ရှင် ချမ်းချမ်းက နားဆင်သူတိုင်းရဲ့ ရင်ကိုထိမှန်စေနိုင်တဲ့ သီချင်းကောင်းကောင်းလေးတွေကို သီဆိုလေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချမ်းချမ်းရဲ့ထွက်ရှိပြီးသမျှ သီချင်းတွေအားလုံးက ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချမ်းချမ်းက နိုင်ငံခြားမှာ ဖျော်ဖြေပွဲတွေရှိနေတာကြောင့် ခရီးတွေဆက်တိုက်ထွက်ပြီး သွားရောက်ဖျော်ဖြေပေးနေရတာပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်လေးကိုတော့ ချမ်းချမ်းက သူချစ်ရတဲ့သမီးလေးကိုလည်း အပါခေါ်သွားပြီး သားအမိနှစ်ယောက် ပျော်ပျော်ပါးပါးလျှောက်လည်နေတာ ဖြစ်ပါတယ်။ အခုလည်း ချမ်းချမ်းက လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့ နေရာအနှံ့လည်ပတ်ရင်း ပျော်ရွှင်နေတဲ့ ပုံလေးတွေကို အသစ်တင်ထားပါသေးတယ်။

ချမ်းချမ်းက " Chicago အမှတ်တရ....Louisville အမှတ်တရ " ဆိုပြီး သူမချစ်တဲ့ပရိသတ်တွေအတွက် ပုံလေးတွေ မျှဝေပေးထားတာ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ခန္ဓာကိုယ်အချိုးအစား ကျစ်လျစ်ပြေပြစ်လှတဲ့ ချမ်းချမ်းကတော့ အရင်တုန်းကထက် ပိုလှလာတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် ချမ်းချမ်းရဲ့ Chicago ရောက် အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Chan Chan;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။