ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ တေးသီချင်းကောင်းလေးတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ခင်မှုတွေကို ရရှိထားသူကတော့ အဆိုတော် ဟန်ထူးဈာန်ပဲ ဖြစ်ပါတယ်နော်..။

ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းကောင်းလေးတွေကလည်း ပရိသတ်တွေကြား အမြဲရေပန်းစားပြီး လူကြိုက်များသလို ယောင်္ကျားပီသတဲ့ ဟန်ပန်လေးတွေကလည်း သူရဲ့ဆွဲဆောင်မှုလေးတွေပါပဲနော်..။


အဆိုတော်ဟန်ထူးဈာန်ကတော့ လတ်တလောမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို ရောက်ရှိနေပြီး ပရိသတ်တွေထင်မှားနေကြတဲ့ ခန္ဓာကိုယ်အောက်ပိုင်းပုံပြပြီး Messenger ကနေ ကောင်မလေးတွေနဲ့ ကြူနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်ပါတယ်နော်..။

ဟန်ထူးဈာန်ရဲ့နာမည်ကို သုံးပြီး အကောင့်အတုနဲ့ ကောင်မလေးတွေကို ရည်းစားစကားတွေပြောပြီး မဖွယ်မရာပုံတွေပြကာ ကြူနေတဲ့ လူတစ်ချို့ကြောင့် စိတ်အနှောင့်အယှက် စိတ်မကောင်းဖြစ်နေရတယ်လို့ သိရပါတယ်..။


ဟန်ထူးဈာန်ကတော့ ဘန်ကောက်ကို မိခင်ဖြစ်သူ ကျန်းမာရေး စစ်ဆေးဖို့ရောက်ရှိနေတာဖြစ်ပြီး သီချင်းအသစ်တွေအတွက်လည်း အလုပ်များနေတာမို့ မအားလပ်ပေမယ့် အကောင့်အတုကြောင့် အထင်လွဲနေကြတဲ့ အားဆေးလေးတွေ သိအောင်လို့ ဗီဒီယိုဖိုင်လေးနဲ့အတူ ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်နော်..။

“အားလုံးကို အရေးတကြီးနဲ့အသိပေးတာပါခင်ဗျာ

ဟန်ထူးဈာန် က ကိုယ့်ရဲ့အောက်ပိုင်းပစ္စည်းပုံကိုပြပြီး Messenger ကနေ ပရိတ်သတ်ညီမလေးတွေကိုကြူနေတယ်ဆိုတာ .......

အစကသည်းခံပြီးငြိမ်နေပေမယ့် အခုက အရမ်းဆိုးဝါးလာလို့ပါခင်ဗျာ

အထင်လွဲနေကြတဲ့ အားဆေးလေးတွေပါသိအောင်..” ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ ဖြေရှင်းလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - ဟန်ထူးဈာန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။