ပီးရူးသမ္မတဟောင်း အလက်ဂျန်ဒရို တိုလယ်ဒိုကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံထဲမှာ ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

သူကတော့ ဇူလိုင်လ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံထဲမှာ တရားခံလွှဲပြောင်းပေးရေး အမိန့်နဲ့ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

တိုလယ်ဒိုဟာ ပီရူးနိုင်ငံရဲ့ သမ္မတအဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် တိုလယ်ဒိုဟာ ဘရာဇီး နိုင်ငံက အော်ဒီဘရက်ချ် ကုမ္ပဏီထံကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတစ် ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံအတွင်းမှာ ဖမ်းဆီးခံခဲ့ရပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် တိုတယ်ဒိုရဲ့ အမှုကို မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့မှာဆိုရင် တရားရုံးမှာ ကြားနာမှုပြုလုပ်သွားမယ်လို့ သိရပြီး အာမခံပေးမပေးကတော့ ၎င်းကြားနာမှုကမှ သိရမယ်လို့သိရပါတယ်။

Source- aljazeers

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။