လူငယ်ကြိုက်သီချင်းများကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုမှုတွေကြောင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ အားပေးခြင်းကိုရရှိထားသူကတော့ အဆိုတော် စိုင်းစိုင်းခမ်းလိုင်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ ရုပ်ရှင် ဂီတနှစ်ခုလုံးမှာ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘယ်လိုအနုပညာအလုပ်မျိုးကိုမဆိုစေတနာအရင်းခံကာ လုပ်ကိုင်မှုတွေကြောင့် အနုပညာရှင်တိုင်းက ချီးကျူးနေရတာပါ။  

လတ်တလောမှာလည်း စိုင်းစိုင်းဟာ မန္တလေးမြို့ကို ရောက်ရှိနေတာပဲဖြစ်ပြီး " ပိတောက်ကတဲ့ ဂီတ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာကြော်ငြာမင်းသမီးလေး ပိုးမမီသာကို ခေါင်းဆောင်မင်းသမီးအဖြစ်တင်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မန္တလေးမြို့ရဲ့ယဉ်ကျေးမှုတွေပေါ်လွင်အောင် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။  

စိုင်းစိုင်းဟာ အခုတစ်ခေါက်မှာလည်း ညီမဖြစ်သူနဲ့အတူ အမိုးဖွင့်ကားကြီးမောင်းကာ မန္တလေးမြို့ကိုလည်ပတ်နေတဲ့ ဗီဒီယိုလေးကို သူ့ရဲ့ Facebook myday လေးမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ စိုင်းစိုင်းဟာ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် စိုင်းစိုင်းရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Sai Sai Kham Leng 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။