ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံကတော့ အရမ်းလိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်လို့ ပရိသတ်တွေကအရမ်းချစ်နေရတာဖြစ်ပါတယ်။ပိုင်ဖြိုးသုနဲ့ဏကြီးတို့က အသက်အရွယ်လည်းနည်းနည်းကွာဟပြီး သုသုကတော့ ချစ်ခင်ပွန်းအပေါ်မှာ ကလေးလေးတစ်ယောက်လို ချစ်စရာအပြုအမူလေးတွေနဲ့ ဆိုးနွဲ့နေတာလေးတွေကြောင့် ဏကြီးကအချစ်ပိုနေရတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံနှစ်ယောက်က အနုပညာအလုပ်တွေကိုလည်း တစိုက်မက်မက်ကြိုးစားလုပ်ဆောင်နေပြီး နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းဖန်တီးဖို့ရှိပါတယ်နော်။နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားကြီးအတွက် ပြင်ဆင်နေရတဲ့ပိုင်ဖြိုးသုကတော့"သုသုဒီရက်ပိုင်း ဓါတ်ပုံတွေမတင်ဖြစ် live လည်းမလွှင့်ဖြစ်တာက‌လေ မျက်နှာအတွက် PRP treatment လေး Beauty Up Aesthetic Centerမှာသွားယူထားလို့ပါလို့..

၁၂လပိုင်းရိုက်မယ့်ကားကြီးအတွက် ဟိုအရမ်းပစိပစပ်များ ဂျီကျတတ်တဲ့ ဒါရိုက်တာကြီးက မိတ်ကပ်မလိမ်းရဘူးဆိုလို့ Beauty Up ကိုအိမ်ဦးနဲ့ကြမ်းပြင်လိုသဘောထားပြီး အကြီးအကျယ် Skin care နေရလို့ပါ....မိတ်ကပ်ဘာမှမလိမ်းထားတဲ့ ဒေါ်သုရဲ့ အာပေတူးဂျပလုံးရုပ်ဆိုးလေးနဲ့ တော့ live မလွှင့်ချင်သေးလို့ပါနော် ၂၀ရက်နေ့ကျမှ live မှာဆုံကြမယ်နော် ‌သြော်...ဒေါ်သု‌ပြောတဲ့ ဂျီကျတဲ့ဒါရိုက်တာကြီးကတော့ ဦးရေခဲခေါ် ကိုဏကြီးပဲဖြစ်ပါတယ်ရှင်"ဆိုပြီး ဇာတ်ကားကြီးအတွက်ပြင်ဆင်နေရပုံလေးတွေကို ပြောပြခဲ့ပါတယ်နော်။

Source:Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။