ထိုင်းပရီးမီးယားလိဒ်မှာရလဒ်ကောင်းတွေရအောင်စွမ်းဆောင်နေတဲ့ Port FC ကတော့ခုမှာအဆင့်၅နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။အဆင့်၅နေရာမှာရပ်တည်နေပေမယ့် အဆင့်၁မှာရပ်တည်နေတဲ့ ဘူရီရမ်အသင်းနဲ့၄မှတ်သာကွာဟတာဖြစ်ပါတယ်။

ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ထိုင်းပရီးမီးယားလိဒ်မှာ ဒီလိုရလဒ်ရအောင်စွမ်းဆောင်ပေးနေတဲ့ Port FC အသင်းရဲ့နည်းပြကပိုချီးကျူးဖို့ကောင်းနေတာပါ။ထိုင်းပရီးမီးယားလိဒ်၁၆သင်းမှာ Port Fcအသင်းတစ်ခုသာ အမျိုးသမီးနည်းပြကိုခန့်အပ်ထားတာဖြစ်ပါတယ်။သူကတော့အမြဲလိုလို အသင်းရဲ့ကစားသမားတွေကိုစိတ်ဓာတ်ခွန်အားတွေအဖြစ်လှုံ့ဆော်ဆောင်ရွက်ပေးတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့လှုံ့ဆော်မှုတွေကြောင့်လည်းခုလိုထိုင်းလိဒ်ရဲ့ထိပ်သီးနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။မနေ့ကလည်းနာမည်ကြီးမြောင်တောင်အသင်းကိုအဝေးကွင်းမှာ၂ဂိုးပြတ်နဲ့အနိုင်ယူပြီး နောက်တစ်ဆင့်ရောက်အောင်စွမ်းဆောင်ပေးနိုင်တာပါ။ပရိသတ်တွေလည်း Port Fc အသင်းကို ရလဒ်ကောင်းတွေရအောင်နောက်ကွယ်ကနေပံ့ပိုးနေတဲ့နည်းပြချောလေးရဲ့ပုံရိပ်လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:port fc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။