ချစ်ပရိတ်သတ်ကြီးရေ...အကယ်ဒမီ ဆုကြီးတွေကို ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိထားပြီးတော့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားရတဲ့ သရုပ်ဆောင်နေတိုးဆိုတာ ဗီဒီယိုဇာတ်ကားခေတ်ကတည်းကနေ အခုအချိန်ထိနာမည်ကျော်မင်းသားတစ်လက်ပါနော်။ ရခိုင်တိုင်းသားလေးတစ်ယောက်ဖြစ်ပြီးတော့ ရုပ်ရှင်အနုပညာအလုပ်အပြင် ပြည်တော်ချစ် အဆိုတော်လေးတစ်ယောက်လည်းဖြစ်ပါတယ်။

သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသားတွေထဲကတစ်ယောက်လည်းဖြစ်ပါတယ်နော်။ အဆိုလည်းကောင်း သရုပ်ဆောင်လည်းကောင်းတဲ့ စွယ်စုံမင်းသားချောလေးနေတိုးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရပြီးတော့ အနုပညာလှုပ်ရှားမှုတွေလည်းဆက်နေခဲ့ပါတယ်နော်။

သူဟာ အခုရသတ္တပတ်မှာ ရုံတင်ထားနေတဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ နှစ်ပါးသွားUpdateရုပ်ရှင်ဇာတ်ကားကြီးအတွက် လှုပ်ရှားမှုလေးတွေကိုလည်းပြုလုပ်ခဲ့ပါတယ်နော်။ Mingalar Cinemas Gold Class ရုံတွင်ပြသနေတဲ့ နှစ်ပါးသွားUpdate ဇာတ်ကားကြီး ကြည့်ရှုအားပေးခဲ့ကြတဲ့ ကံထူးရှင် ပရိတ်သတ်တွေကို သူက Surprise လုပ်ကာ ဝင်နှုတ်ဆက်ရင်း အမှတ်တရ လက်ဆောင်တွေ ပေးသွားခဲ့ပါတယ်နော်။ ကဲ... ချစ်ရတဲ့ သူ့ရဲ့ ပရိတ်သတ်တွေနဲ့ အမှတ်တရလက်ဆောင်တွေပေးရင်းပျော်နေခဲ့တဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။