ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားချောနေတိုးနဲ့ မင်းသမီးချောဝတ်မှုံရွှေရည်တို့ကတော့ အားလုံးရဲ့ အသည်းကျော်လေးတွေပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်တဲ့ သဘာဝဇာတ်ရုပ်တွေနဲ့ အတွဲညီလွန်းတဲ့ ပရိသတ်တွေရဲ့အချစ်တော်လေး နှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း ဟာသဇာတ်ကားလေးနဲ့ ပရိသတ်တွေကိုလည်း ထပ်မံအချစ်ပိုစေပြန်ပါတယ်နော်..။


ဒီကနေ့ ဇူလိုင်(၁၈)ရက်နေ့မှာ စတင်ရုံတင်ပြသနေပြီဖြစ်တဲ့ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် ဆေးထိုးချောက်တွန်းကြတဲ့ အူဂါဂါနဲ့ ဖြူဂါဂါအဖြစ် အတွဲညီညီသရုပ်ဆောင်ထားကြပြီး အပြင်မှာလည်း အခုလိုပဲ စနောက်နေကြတာ တွေ့ရပါတယ်နော်..။

အစအနောက်သန်ကြတဲ့ အသည်းကျော်လေးတွေဖြစ်ကြတဲ့ နေတိုးနဲ့ ရွှေကစ်လေးတို့ကတော့ အခုတစ်ခါမှာလည်း အင်တာဗျူးအတူဖြေရင်း ရွှေကစ်လေးရဲ့ အမှတ်မထင် ကျီစယ်စနောက်မှုကြောင့် ကိုကိုနေတိုးတစ်ယောက် အလန့်တကြား ဖြစ်သွားခဲ့ပါတယ်နော်..။


အင်တာဗျူးအတူ ဖြေနေရင်း ကျီစယ်စနောက်လိုက်တဲ့ ရွှေကစ်လေးနဲ့ လန့်သွားတဲ့ နေတိုးတို့နှစ်ယောက်ရဲ့ အခွီဗီဒီယိုဖိုင်လေးကိုလည်း အားလုံးက သဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်နော်..။

ချစ်စရာကောင်းသလို အစအနောက်သန်တဲ့ ရွှေကစ်လေးက ဘယ်လိုတွေတောင် စနောက်လိုက်လို့ နေတိုးတစ်ယောက် အလန့်တကြား ဖြစ်သွာရလည်းဆိုကိုတော့ သူတို့ရဲ့ အခွီဗီဒီယိုလေးကို ကြည့်ရင်း အသည်းကျော်လေးနှစ်ယောက်ကို အားပေးလိုက်ရအောင်နော်..။

Photo - နှစ်ပါးသွား Update

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။