ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကိုလည်း တစိုက်မက်မက် ကြိုးစားလုပ်ဆောင်နေသလို ပရဟိတဆိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်နဲ့ အားသွန်ခွန်စိုက်လုပ်ဆောင်နေတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါနော်။ခိုင်နှင်းဝေရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကို ပရိသတ်တွေကလည်း လေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ အကူအညီလိုအပ်သူတိုင်းကိုလည်းတတ်နိုင်သလောက်ကိုကူညီပေးသလို ကူကယ်ရာမဲ့နေတဲ့ ကလေးလေးတွေအတွက်လည်း နွေးထွေးတဲ့ရင်ခွင်တစ်စုံပေးထားကာ သားသမီးတွေရဲ့မေမေအဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ သားတွေသမီးတွေရဲ့ အနာဂတ်တောက်ပဖို့အတွက် သေချာစီမံပြီးပြုစုစောင့်ရှောက်ပေးနေတဲ့ ဂရုဏာရှင်မေမေတစ်ယောက်ပါနော်။

မေမေခိုင်နှင်းဝေကတော့ သားတွေသမီးတွေအတွက်သာ အလုပ်တွေလုပ်နေရမယ်ဆို ဘယ်တော့မှပင်ပန်းတယ်မရှိဘဲ ပီတိကိုစားလို့ အားရှိနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခိုင်နှင်းဝေက "၂၀၀တန်ခေါက်ဆွဲပြုတ် သို့သော်အရသာရှိ၏ အဘယ်ကြောင့်ဆိုသော် သားတွေသမီးတွေအတွက်အိမ်သစ်တက်ဖို့ပြင်ဆင်နေတော့ ပင်ပန်းနေသဖြင့် ဘာစားစားကောင်း၏"ဆိုပြီး သားတွေသမီးတွေအတွက်သာအချိန်ကုန်နေရရင် ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ်ဆိုတဲ့အဓိပ္ပါယ်လေးနဲ့မျှဝေထားပါတယ်နော်။

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။