ပြီးခဲ့တဲ့ 14 ရက်နေ့တုန်းက ပန်းလှိုင်ဆေးရုံမှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးကို မွေးဖွားခဲ့ပြီး ခင်ပွန်းဖြစ်သူအတွက် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီး ပေးလိုက်တဲ့ စန္ဒီမြင့်လွင်ကတော့ ဒီကနေ့မှာ ဆေးရုံကဆင်းလာပြီပဲဖြစ်ပါတယ်။ ကိုးလ လွယ်ဆယ်လဖွားဆိုတဲ့အတိုင်း ဆယ်လပြည့်မြောက်တဲ့အချိန်မှာတော့ သမီးလေးဟာ လူ့လောကထဲကို အားလုံးရဲ့အချစ်တွေခံယူဖို့ ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုချစ်စရာ ကောင်းတဲ့ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာတာ အားလုံးအတွက် ပျော်စရာအတိပါပဲ။

ခင်ပွန်းဖြစ်သူကလည်း သမီးလေးကိုတစိမ့်စိမ့်ကြည့်ပြီးချစ်မဝဖြစ်လို့နေပါတယ်။ ဇနီးကို ချစ်တဲ့အချစ်တွေအပြင် သမီးကိုချစ်တဲ့အချစ်တွေပါ ပိုတိုးလာပြီဆိုတော့ အချစ်တွေနဲ့ တည်ဆောက်ထားတဲ့အသိုက်အမြုံလေးက ပိုပြီးစိုပြေလာပြီပေါ့နော်။ အခုဆိုရင် အိမ်ရဲ့ သာယာတဲ့ ဆည်းလည်းလေးလည်းရှိနေပြီဆိုတော့ ပြောစရာမလိုအောင်ကိုပြီးပြည့်စုံတဲ့ မိသားစုဘဝလေးဟာ တကယ့်ကိုသာသာယာယာပါ။ ချစ်ရတဲ့ ဆွေမျိုးတွေနဲ့ခင်မင်ရသူ တွေကလည်း သမီးလေး Treasure ကို ဝိုင်းပြီးချစ်လို့နေကြပါတယ်။

ဆေးရုံကဆင်းလာပြီဖြစ်တဲ့ ဒီးဒီတစ်ယောက် " သမီးလေးကိုမွေးဖွားပီးဆေးရုံကဆင်းပါ ရှင် အစစအရာရာ အရမ်းဂရုစိုက်တဲ့ OGဆရာမကြီးDr ဒေါ်မေသူမျိုးညွှန့်နဲ့အဖွဲ့သားများ ကလေးဆရာဝန်ကြီးအန်တီဒေါ်မြမြအုန်းနှင့် ပန်းလိူင်ဆေးရုံမှ အစ်မမသက်နဲ တစ်ကွ မဖြူ ကိုအောင်နိုင်ထွန်းတို့Team တစ်ဖွဲ့လုံး ကလေးရောမိခင်ပါ လိုလေသေးမရှိ ဂရုစိုက် ပေးကြတဲ့ ဆေးရုံမိသားစုများနဲ့အထူးသူနာပြုအဖွဲ့များ ဆေးရုံတက်နေစဉ်ကာလ တစ်လျှောက်လုံးသတင်းမေးကြလာကြည့်ပေးကြ အားပေးကြတဲ့မိဘဆွေမျိုးများ ဒီဒီရဲ့ ပရိတ်သတ်အားလုံး သမီးလေး ကိုရောဒီဒီကိုရောဂရုတစ်စိုက်ရှိပေးကြတဲ့အတွက် တစ်ယောက်ချင်းစီတိုင်းအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင် FB,instagram မှ ဆုမွန် ကောင်းတောင်းပေးကြတဲ့မိတ်ဆွေများချစ်သူခင်သူများပရိတ်သတ်များအားလုံးကျေးဇူးပါတင်ပါတယ်ရှင့် " ဆိုပြီး ကျေးဇူးတင်ထိုက် သူတွေကို ကျေးဇူးတင်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Source - Sandi Myint Lwin

Photo - Kingsman

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။