ညီညီမောင် (စမ်းချောင်း) ဆိုတဲ့ နာမည်နဲ့ အောင်မြင်ကျော်ကြားနေတဲ့ သူမကတော့ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သုသုလို့အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြသလို ပျော်ပျော်နေတတ်တဲ့ သူမရဲ့စတိုင်ကြောင့် လူချစ်လူခင် ပေါများနေတာလည်း ဖြစ်ပါတယ်။ သုသုက သူမကိုအားပေးချစ်ခင်နေတဲ့ ပရိသတ်တွေအတွက်လည်း အခွီတလိုင်း ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးပြီးတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ သုသုတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးလာရတဲ့အပြင် " ကျားကျားကြိုက်ကြိုက် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတောင် ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ဟာသတွေနဲ့ TikTok ကစားလေ့ရှိတဲ့ သုသုက အခုလည်း ဟာသဗီဒီယိုအသစ်လေးကို တင်ပေးထားပါတယ်။ ဒီတစ်ခါမှာတော့ သုသုက " ခေါင်းမူးနေပါသလား " ဆိုပြီး ပရိသတ်တွေကို စနောက်ထားတာ တွေ့ရပါတယ်။

သုသုက ခေါင်းမူးနေတဲ့ ကောင်လေးတစ်ယောက်ကို ရုပ်တည်ကြီးနဲ့ အကြံပေးလိုက်ပုံကတော့ မျက်လုံးပါပြူးသွားလောက်အောင်ပါပဲနော်။ ဒါကြောင့် ပရိသတ်တွေကတော့ သုသုရဲ့ဟာသဗီဒီယိုလေးကိုကြည့်ပြီး အူတက်အောင် ရယ်မောနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေါင်းမူးနေတဲ့သူကို ပါးစပ်အေဟောင်းသားဖြစ်သွားအောင် ပြောလိုက်တဲ့ သုသုရဲ့အခွီ Tik Tok ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nyi Nyi Mg- Sanchaung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။