အဆိုတော် အိမ့်ချစ်ဟာ မိသားစုဘဝလေးတည်ထောင်ဖို့အတွက် သူမရွေးချယ်မယ့် ခင်ပွန်းပုံစံလေးကို

Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာ ထည့်သွင်းဖြေဆိုသွားပါတယ် ။

အိမ့်ချစ်တို့မိသားစုဟာ မိဘနှစ်ပါးကွာရှင်းထားတဲ့မိသားစု ( Broken Family ) ဖြစ်တဲ့အတွက်

သားသမီးဖြစ်တဲ့ အိမ့်ချစ်မှာ ခံစားချက်တွေရှိနေပါတယ် ။ အဲဒီလို ခံစားမှုတွေကို ကိုယ့်သားသမီးတွေ

အလှည့်ကျရင် မခံစားစေချင်ဘူးလို့ သူမက ဆိုပါတယ် ။ ဒါကြောင့်မို့ ငွေချမ်းသာသာမသာသာ နားလည်မှုနဲ့မေတ္တာတရားရှိတဲ့သူမျိုး ကိုယ့်ကို

မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်းလေးထားမယ့်သူမျိုးကို လိုချင်ပါတယ်တဲ့ ။

ကိုယ်တိုင်ငွေရှာပြီးမိသားစုကိုထောက်ပံနေတဲ့ မိန်းကလေးဖြစ်တဲ့အတွက်

ငွေရှိတဲ့သူထက်အရည်အချင်းရှိတဲ့သူကို ပိုအထင်ကြီးပါတယ်တဲ့ ။

အဲဒီလိုမျိုးလူတွေ့ရင်ပျော်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို ထူထောင်ပါမယ် လို့ဆိုပါတယ် ။

အဓိကကတော့ ကိုယ်ခံစားခဲ့ရတာကို ကိုယ့်မိသားစုဘဝလေးမှာ

မခံစားရမယ့် အိမ့်ချစ်ရဲ့ မိသားစုဘဝလေးကိုထူထောင်ချင်ပါတယ် လို့ပြောသွားခဲ့ပါတယ် ။

အိမ့်ချစ်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့သူတွေ ရှိကြလားပရိတ်သတ်ကြီးရေ ...

Source : Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။