ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး ဖြူစင်ဝင်းပတဲ့ အသားအရေပိုင်ရှင်တစ်ဦးဖြစ်တဲ့ ခြူးလေးကို အားလုံးပဲသိကြမယ်ထင်ပါတယ်..။ သူမဟာဆိုရင် Mrtv-4 မင်းသမီးတစ်ဦးဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်...။ ဘာသာရေးကိုင်းရှိုင်းသူလေးဖြစ်ပြီး မယ်သီလရှင်၊ ဆရာလေးအဖြစ်လည်း ဗုဒ္ဓဘာသာ သာသနာထဲကို ကြည်ညိုသဒ္ဓါတရားထက်သန်စွာ ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်..။ စိတ်သဘောထား ဖြူစင်တဲ့အတွက်ကြောင့် အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာပါနော်..။

ခြူးလေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်းသူမရဲ့ အလှပုံရိပ်တွေကိုမြင်တွေ့ကြရမှာပါ...။ red carpet show ၊ ဖျော်ဖြေရေးပွဲလမ်းသဘင်တွေကိုနန်းဆန်စွာ တက်ရောက်ခဲ့တဲ့သူမဟာဆိုရင်"ကဝေသေလို့ ခြောက်တဲ့တစ္ဆေ" ၊ "မိုးပန်းပွင့်ရဲ့သင်္ကေတ" အစရှိတဲ့ ဇာတ်ကားကြီးတွေမှာ သဘာဝကျကျသရုပ်ဆောင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့တာကို ပရိသတ်တို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာပါ....။ ခြူးလေးရဲ့ အချစ်ရေးဟာတည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကို အေးချမ်းစွာဖြတ်သန်းနေတာပါနော်..။

ခြူးလေးက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း သူမကို အားပေးတဲ့ ပရိသတ်တွေ များလွန်းတဲ့ အတွက်ကြောင့် "facebook page" ကိုပါ ဖွင့်ထားပြီဖြစ်ပါတယ်...။ သူမရဲ့ official page တွင် "အမှန်အကန် စာဖတ်ပြီး ၁၅ မိနစ်အကြာ" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source CHUE- Chue lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။