ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံရတီကတော့ အနုပညာလောကမှာ ငယ်ငယ်ရွယ်နဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ ထိပ်တန်းမင်းသမီးချောလေး ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့အပြင် အမြဲချစ်ခင်အလိုလိုက်တဲ့ ခင်ပွန်ဖြစ်သူ အဆိုတော် ရွှေထူးနဲ့အတူ ကြည်နူးအားကျစရာကောင်းလွန်းတဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။


သဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အားလုံးရဲ့ အသည်းကျော်လေး ရွှေမှုံရတီကတော့ အခုတစ်ခါမှာလည်း ချွဲတတ်လွန်းတဲ့ သူမရဲ့အချစ်တော်လေး Boo Boo လေးကို ချစ်မဝဖြစ်လို့ နေပါတယ်နော်..။

အချစ်တော်လေး Boo Boo နဲ့အတူ ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ရွှေမှုံလေးက ပရိသတ်တွေကိုလည်း အလွမ်းပြေလေး မျှဝေထားတာမို့ ပရိသတ်တွေအားလုံးကလည်း အချစ်ပိုသဘောကျနေကြတာ တွေ့ရပါတယ်..။


“boo boo က င ချွှဲမ လေးပဲ..” ဆိုပြီး အချစ်တော်လေးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ချစ်ခင်ပွန်းရွှေထူးကလည်း အသည်းလေးတွေပေးပြီး Comment ပေးထားပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာမို့ ရွှေမှုံလေးတို့ရဲ့ ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ရွှေမှုံရတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။