အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ လူမှုရေး

လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ အဆိုပါ AFC Social Responsibility Committee အား ယခင်သက်တမ်းက ဆော်ဒီအာရေဗျ နိုင်ငံမှ Ahmed Eid S. AL Harbi ကဥက္ကဋ္ဌအဖြစ် ဆောက်ရွက်ခဲ့ပြီးယခုသက်တမ်းတွင် မြန်မာနိုင်ငံမှ ဦးဇော်ဇော်က ဥက္ကဋ္ဌတာဝန်များကို လွှဲပြောင်း ထမ်းဆောင်သွားမည် ဖြစ်ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာSR ကော်မတီ အနေဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၊ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)၊ နှင့် နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာရှတိုက် အတွင်းရှိ နိုင်ငံများ၏ လူမူရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ 

ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးတွေကို တာဝန်ယူထားတာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ် လူမူရေး လုပ်ငန်းတာဝန်ယူဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ပေးခံရတာပဲ ဖြစ်ပါတယ်။

sourceL MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။