၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် (ဒုတိယအဆင့်)နှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ( ဒုတိယအဆင့်) ပွဲစဉ်များ အုပ်စု မဲခွဲပွဲကို ဇူလိုင် ၁၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ပါတယ်။အဆိုပါမဲခွဲပွဲအပြီးမှာတော့ အာရှထိပ်သီးတွေနဲ့တစ်ခြားအသင်ငယ်လေးတွေတစ်အုပ်စုတည်းကျသလို အသင်းကြီးတွေစုပြီးလည်းတစ်သင်းတည်းကျနေကြတာပါ။

အဲ့လိုမဲခွဲမှုတွေထဲကမှ အုပ်စုအကျပ်ဆုံးလို့ပြောလို့ရတာကတော့ အုပ်စု(ခ)ပဲဖြစ်ပါတယ်။ဒီအုပ်စုမှာတော့အာရှထိပ်သီးအသင်းတွေဖြစ်တဲ့ သြစတေးလျ၊ဂျော်ဒန်၊ကူဝိတ်၊တရုတ်တိုင်ပေနဲ့ နီပေါအသင်းတို့ပဲဖြစ်ပါတယ်။ဒီအုပ်စုမှာပါတဲ့အသင်းတွေဟာအာရှမှာအကောင်းဆုံးအသင်းတွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲတွေတောင် ပါဝင်ကစားဘူးတဲ့အသင်းတွေပါဝင်နေတာပါ။

နောက်ထပ်အုပ်စုအကျပ်ဆုံးလို့ပြောရတာကတော့ အုပ်စု(ဆ)လို့တောင်ဆိုလို့ရပြီး ၂၀၂၂ကမ္ဘာ့ဖလားအိမ်ရှင်တာတာအပါအဝင်အာစီယံထိပ်သီးထိုင်း၊ဗီယက်နမ်၊မလေးရှားနဲ့အင်ဒိုနီးရှားအသင်းတို့ပါဝင်နေတာဖြစ်ပါတယ်။ထိုင်း၊ဗီယက်နမ်တို့ကတော့အာရှဖလားပြိုင်ပွဲတွေမှာတောင်အာရှထိပ်သီးအသင်းတွေကိုအကောင်းဆုံးကစားနိုင်တဲ့အသင်းတွေဖြစ်တာကြောင့် အဆိုပါအုပ်စုက ဒုတိယအကျပ်ဆုံးလို့တောင်ဆိုလိုနိုင်တာပါ။

SOURCE:

Asian Football Confederation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။