Spider Man မင်းသားဖြစ်တဲ့ Tom Holland ဟာဆိုရင် မကြာသေးခင်ကမှ သူနဲ့တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ Zendaya နဲ့တွဲနေကြတယ်ဆိုတဲ့ ကောလဟာလသတင်းက ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ခုချိန်မှာတော့ ပရိသတ်ကြီး သိကြတဲ့အတိုင်း သူဟာအမည်မသိ အမျိုးသမီးတစ်ယောက်နဲ့ လှည့်လည်သွားလာနေတာကို တွေ့ရှိခဲ့ရပါတယ်။ သူအနေနဲ့တော့ အချစ်ရေးနဲ့ပတ်သတ်ပြီး ဘာမှဖွင့်ထုတ်ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမဲ့လဲ ခုချိန်မှာတော့ သူလဲ ရှင်းပြမယ်လို့တော့ ထင်ပါတယ်။ 

အသက် ၂၃နှစ်ရှိနေပြီဖြစ်တဲ့ Tom ဟာသူအနေနဲ့အရင်တုန်းကတော့ ဘယ်မိန်းကလေးမှ တွဲသွားတွဲလားမရှိပဲ ခုမှသာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ခုမတိုင်ခင်မှာတော့ သူနဲ့အတူ တွဲဖက်သရုပ်ဆောင် Zendaya နဲ့ ဘယ်လို ဆက်ဆံရေးပဲရှိပြီး ချစ်သူတွေမဟုတ်ကြောင်းကို အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။ ပရိသတ်တွေက သူရဲ့ဇာတ်ဆောင်ဖြစ်တဲ့ Peter နဲ့ M.J တို့ရဲ့ဆက်ဆံရေးကိုကြည့်ပြီး ချစ်သူတွေဆိုပြီး ဒီတိုင်းကောလဟာလ ထွက်တာကိုပြောပြခဲ့ပါတယ်။  

သူအနေနဲ့လဲ ခုချိန်မှာ ဘယ်သူနဲ့မှ တွဲမနေကြောင်းကို ပြောပြခဲ့ပါတယ်။ " ကျွန်တော်အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမခံစားရသေးဘူးဗျ...ကျွန်တော်ရဲ့ဘဝလမ်းကြောင်းပေါ်မှာလဲ အဲ့ဟာက မရှိပါဘူး " ဆိုပြီးသူရဲ့အချစ်ရေးကို ပြောပြပါတယ်။ တကယ်တော့သူအနေနဲ့ မင်းသမီးဖြစ်သူ Zendaya တစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟာလဟာ ခုချိန်မှာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၇ခုနှစ်တုန်းကလဲ Zendaya ရဲ့ Twitter Post တစ်ခုကြောင့် သူတို့တွဲနေကြတယ်ဆိုတဲ့ သတင်းထွက်ခဲ့ဖူးပါတယ်။   

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။