အောင်မြင်တဲ့မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတဲ့ မိတ်ကပ်လင်းလင်းတစ်ယောက် ရတနာသုံးပါး အပြင် သူမယုံကြည် ကိုးကွယ်တဲ့ ၃၇ မင်းနတ်တွေကြား တောင်ပြုံးမင်းနှစ်ပါးအတွက် အေးပွဲအောင်ပွဲဆက်တဲ့ ပွဲလေးကို မန္တလေးမှာပြုလုပ်ခဲ့တာ ပဲဖြစ်ပါတယ်။ ဒီပွဲလေးမှာ သူမက ထီးရောက် နန်းရောက်ကိုယ်တိုင်ကိုယ်ကျ ဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပြီး ပွဲမှာလည်း ပိုက်ဆံတွေ အပြတ်အသတ် ကြဲချနေပုံက တကယ့်ကိုပျော်စရာကောင်းလွန်းနေပါတယ်။

အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ချစ်ဖို့ကောင်းလွန်းတဲ့ သူမရဲ့ပုံစံလေးဟာ ပကတိချစ်ဖို့ကောင်း လွန်းနေပါတယ်။ မျက်နှာအလှအပနဲ့ပက်သက်ပြီး ကိုရီးယားနိုင်ငံမှာ ခွဲစိတ်မှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း အရင်ကထက်ပိုပိုပြီးလှလာတဲ့ လင်းရဲ့အလှတရားတွေကတော့ အပြတ်အသတ်ကို ခြွေချနေပါပြီ။ သူမရဲ့လုပ်ငန်းနဲ့ပက်သက်ပြီး အဆင်ပြေအောင်မြင်မှု တွေရှိခဲ့လို့ ဒီလိုအောင်ပွဲလေးကို လုပ်တာထင်ပါရဲ့နော်။

မင်းကြီးမင်းလေးကိုဆက်သတဲ့ဒီပွဲလေးကို " မန်းလေးရောက်တုန်း တောင်ပြုံးမင်း၂ပါးကို စားတော်စာအစုံအလင်အေးပွဲအာင်ပွဲများဖြင့် ထီးရောက်နန်းရောက် ကိုယ်တိုင်ကိုယ်ကျ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပြုံးပျော်ပြီးပိုက်ဆံတွေ အထပ်လိုက် ကြဲချနေတဲ့မြင်ကွင်းကတော့ တကယ့်ကိုအမိုက်စားပဲ။ နောက်လည်းဒီထက် အများကြီးပိုလှူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

Photo - Lin Linn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။