လူတိုင်းက ငယ်ရွယ်ချိန်မှာ မလှပပေမဲ့ ကြီးလာတဲ့ခါမှာတော့ ကိုယ့်အလှတရားကို ဂရုစိုက်ရင်စိုက်သလောက်လှပါလာကြပါတယ်။ မင်းသမီးတွေဟာလဲ ငယ်ငယ်ကတည်းက လှပနေတဲ့သူတွေမဟုတ်ပါဘူး။ ကြီးလာမှသာ လှပလာကြတဲ့ သူတွေပါပဲ။ ခုဆိုရင်တော့ မင်းသမီးတွေရဲ့ ငယ်ဘဝကရုပ်ပုံများကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Megan Fox ဟာဆိုရင်တော့ American ရဲ့မင်းသမီး နဲ့ မော်ဒလ်တစ်ယောက်ပဲဖြစ်ပါတယ်။ ၂၀၀၁ခုနှစ်ကစပြီး သရုပ်ဆောင်ခဲ့ကာ နာမည်ကြီးလာသူပဲဖြစ်ပါတယ်။ 

ဟာမိုနီခေါ် Emma Watson လေးရဲ့ငယ်ရုပ်ကတော့ ကြီးလာတဲ့ရုပ်နဲ့သိပ်မကွာမခြားပါပဲ။ နာမည်အပြည့်အစုံကတော့ Emma Charlotte Duerre Watson ပဲဖြစ်ကာ ဗြိတိန်မင်းသမီး နဲ့ မော်ဒလ်တစ်ယောက်ဖြစ်ပါတယ်။ Nicole Kidman နာမည်အပြည့်အစုံကတော့ Nicole Mary Kidman AC ပဲဖြစ်ပါတယ်။ Australian-American မင်းသမီးနဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်ကာ တော်တော်ကို အောင်မြင်ကျေ်ာကြားတဲ့ Oscar ဆုရမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ စပိန်မင်းသမီးတစ်ယောက်ဖြစ်သလို မော်ဒလ်တစ်ယောက်ဖြစ်တဲ့ Penélope Cruz ကတော့ အသက် ၁၅နှစ်နဲ့ စတင်သရုပ်ဆောင်ခဲ့ပြီး ၁၆နှစ်မှာတော့ TV မှာစတင်ပါလာခဲ့သူဖြစ်ပါတယ်။  

နောက်တစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ Scarlett Johansson ပဲဖြစ်ပါတယ်။ American မင်းသမီးနဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့သူမကတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးပေးရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ငယ်ရုပ်ကတော့ မပျောက်ပဲ ရှိနေတာကို ပရိသတ်ကြီးတွေ့ရှိရမှာပါ။ Emma Stone ကတော့ အမေရိကန် မင်းသမီးတစ်ယောက်ပဲဖြစ်ကာ ၂၀၁၇ခုနှစ်မှာ ငွေပေးရအများဆုံးမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ပုရိသတွေကို အပြုံးလေးနဲ ဆွဲဆောင်နိုင်တဲ့ Israeli မင်းသမီး Gal Gadot ပဲဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Gal Gadot Varsano ပဲဖြစ်ကာ အသက် ၁၈နှစ်မှာ Miss Israel 2004 ရဲ့ သရဖူကိုဆောင်ထားခဲ့တဲသူဖြစ်ပါတယ်။  

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။