ပြည်သူ့အချစ်တော်မင်းသမီးတစ်ဦးဖြစ်တဲ့ ရွှေမှုန်ရတီမှာမှာ ငွေမှုန်ရတီဆိုတဲ့ ချစ်စရာ ညီအစ်မလေးတစ်ယောက်ရှိတာပါနော်...။ သူမဟာဆိုရင် မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး အမ ခြေရာနင်းနိုင်မယ့် အနာဂတ် အနုပညာရှင်ကြယ်ပွင့်လောင်းလေးပဲဖြစ်ပါတယ်...။ ငွေမှုန်ရတီဟာ ဖက်ရှင်အလန်းလေးတွေကို ဝတ်ဆင်လျက်ရှိပြီး အမြဲကို ဆွဲဆောင်မှုရှိစွာ လှပနေတာပါ...။ ငွေမှုန်ရတီဟာ အမတို့စုံတွဲလေးကိုလည်း ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတာဖြစ်ပါတယ်...။

ငွေမှုန်ရတီရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်..။ ငွေမှုန်ရတီဟာ သူငယ်ချင်းတွေနဲ့ အတူ အပန်းဖြေခရီးတွေ ထွက်လေ့ရှိပြီး ခရီးသွား မှတ်တမ်းပုံရိပ်လေးတွေကိုလည်း ရိုက်ကူးတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်..။ ငွေမှုန်ရတီရဲ့ အချစ်ရေးဟာတည်ငြိမ်လျက်ရှိပြီး single ဘဝ အနေနဲ့ ဘဝကြီးကို ပျော်ရွှင်စွာ ရပ်တည်နေတာလည်းဖြစ်ပါတယ်...။ အဝါရောင်ကိုချစ်မြတ်နိုးသူဖြစ်ကြောင်းကိုလည်း သူမရဲ့ ပုံရိပ်လေးတွေက သက်သေပြနေတာပါနော်...။

ငွေမှုန်ရတီက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို ပရိသတ်ကြီးနဲ့ရင်းနှီးမှုရရှိအောင်၊ အဆက်အသွယ်မပြတ်ရအောင် ထုတ်ဖော်ပြသပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ ပင်တိုင် ဓာတ်ပုံဆရာဖြစ်တဲ့ "Moe Htet" နဲ့အတူ ရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးတွေကို "Love U So Much" ဆိုတဲ့ status လေးနဲ့တကွ official acc တွင် ပြသထားတာပါနော်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Ngwe Hmone Yati

Photo Credit Moe Htet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။