မေမေနန်းမြတ်ရဲ့ချစ်စဖွယ်သားလေး Jet Jet တစ်ယောက် မေမေနဲ့အတူ အပြင်တွေ ထွက်လည်နေပြီပဲဖြစ်ပါတယ်။ အသက်သုံးလပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး အရမ်းကိုချစ်စရာ ကောင်းလွန်းတဲ့သားငယ်လေးကို လက်ကမချနိုင်အောင်ကိုချစ်လွန်းတဲ့ မေမေနဲ့ သားလေးကိုရော ဇနီးကိုရော ချစ်မေတ္တာတွေအပြည့်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့အရိပ်အောက်မှာ နန်းမြတစ်ယောက်ပျော်ရွှင်ချမ်းမြေ့နေရတယ်ဆိုတာ တော့ အသအေချာပါပဲ။

အနုပညာအလုပ်တွေမှာ သိပ်မတွေ့ရတော့ပဲ သူမရဲ့ကြည်နူးစရာမိသားစုလေးကို အချိန် တွေအပြည့်အဝပေးနေတဲ့ မေမေနန်းမြတ်ကတော့ စံပြမေမေပါပဲ။ ကလေးမွေးထားတာ လည်း သိပ်မကြာသေးတာမို့ အပြည့်အဝအနားယူနေပုံပါပဲ။ အရင်လို ဇာတ်ကားတွေရိုက်ပြီး သီချင်းတွေဆို တာကို ပရိသတ်ကြီးကပြန်မြင်ချင်ပေမယ့် အခုလိုအေးချမ်းတဲ့မိသားစုဘဝ လေးမှာ အခြေကျသွားတာလည်း တကယ့်ကိုကြည်နူးစရာလေးပါ။ နန်းမြတ်ကိုချစ်သလို သူမရဲ့သားလေးကိုလည်း အားလုံးကအချစ်ပိုနေကြပါတယ်။

သားလေးအပြင်ထွက်လည်နေတဲ့ပုံရိပ်လေးတွေကို " JackJackလေးက မမချောချော လေးတွေ စေလီယာ,အေဗာ တို့နဲ့သွားတွေ့ခဲ့တယ် " ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ မေမေ့ရဲ့လက်ပေါ်မှာငြိမ်ချက်သား ကောင်းပြီး ကင်မရာကို သေချာစိုက်ကြည့်နေတဲ့ ချစ်စရာ Jet လေးရဲ့ပုံစံလေးက အသည်းယားချင်စရာလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။

Photo - Nann Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။