သင်ဟာ Super Hero Fan တစ်ယောက်ဆိုရင် သင်တွေးနေမိမှာပါပဲ.....ဘယ် hero ကအကြမ်းဆုံးလဲ ပါဝါအရှိဆုံးလဲဆိုပြီး သင်တွေးနေမိလောက်ပါတယ်။ အဲ့လိုတွေးနေတာ super hero fan တိုင်းလိုလိုပါပဲ။ Dc နဲ့ Marvel အပြင်တခြား Universe က hero တွေလဲရှိပါသေးတယ်။ Superman နဲ့ Thor ချရင်ဘယ်သူနိုင်မလဲလို့ သင်တွေးကောင်းတွေးနိုင်ပါတယ်။ အကောင်ဆုံးကိုပြောရမယ်ဆိုရင် သင်မတွေးပဲနေတာအကောင်းဆုံးပါ....သူတို့တွေဘယ်သူနိုင်လဲဆိုတာ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာနဲ့သာ ဆိုင်ပါတယ်။ Universe ချင်းလဲမတူကြပါဘူး။အခုဖော်ပြမဲ့ Hero တွေကတော့ Supernatural Hero တွေသက်သက်သာဖြစ်ပါတယ်။

Dr. Manhattan ရဲ့ ပါဝါဟာဆိုရင် တော်တော်ကိုကြီးမားပါတယ်....အနာဂတ်ကိုကြိုသိနိုင်ပြီး အရွယ်အစားလဲလိုသလိုပြောင်းလို့ရကာ ပါဝါကတော့ တော်တေ်ာကို စုံပါတယ်။ Phoenix ဟာဆိုရင်သူမရဲ့ပါဝါက အရမ်းကိုကြမ်းတမ်းပြီး ထိမ်းမနိုင်သိမ်းနိုင်ဖြစ်နေတာမို့ ခုနေရာကိုရောက်ရှိနေတာပါ။ Captain Atom ကတော့Superman နဲ့ Silver Surfer ပေါင်းထားသလိုမျိုးပဲ ကြမ်းတမ်းပါတယ် ဒါပေမဲ့သူရဲပါဝါကြောင့် သူသေနိုင်ပါတယ်။ Wildstorm universe မှာ အကြမ်းဆုံးဖြစ်တဲ့ Mister Majestic ကတော့ ပါဝါတွေ မြင့်ပေမဲ့ သူရဲ့ အဆင့်ကို ခွဲခြားလို့မရပါဘူး။ Professor X ကတော့ သူရဲ့ပါဝါကြောင့် X-Men တစ်အုပ်စုလုံးသေခဲ့ရတာကို Logan ကားမှာ ဖော်ပြထားပါတယ်။

Wonder Woman ကတော့ မိန်းကလေးတော်တေ်ာများများ ကြိုက်နှစ်သက်ကြတဲ့ Super Hero တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ Superman ပါဝါတချို့နဲ့ Batman ရဲ့ fighting skill တချို့နဲ့ ပေါင်းစပ်ထားတဲ့ hero တစ်ယောက်ဖြစ်ပါတယ်။ Spawn ကတော့ ငရဲပြည်ရောက်နေတဲ့ချိန်မှာ Devil နဲ့အပေးအယူတစ်ခုလုပ်ခဲ့ကာ သူလိုချင်းတဲ့ ဘယ်အရာနီးပါမဆို ပြုလုပ်လို့ရပါတယ်။Martian Manhunter ကတော့Spy လုပ်လို့အရမ်းကောင်းပါတယ်။ ကြိုက်သလိုပုံစံပြောင်းလို့ရပြီး စိတ်တွေလဲဖတ်နိုင်ပါတယ်။ Green Lantern ဟာ Universe တစ်ခုလုံးမှာ power အကြီးဆုံးလက်နက်ကိုပိုင်ဆိုင်ထားပါတယ်။Black Bolt ကတော့ စကားပြောလိုမရတဲ့ Hero ဖြစ်ပါတယ်။ဘာလိုလဲဆို သူရဲ့ တိုးတိတ်စွာပြောတဲ့အသံကတောင် Hulk ရဲ့အရိုးတွေကိုကျိုးစေနိုင်ပါတယ်။  

သူစကားတခွန်းပြောလိုက်တာနဲ့ ဂြိုလ်တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။ Superman ကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ......သူရဲ့ပါဝါကို Justin League မှာသိသာထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။ ဟုတ်ကဲ.....နံပါတ်၂ကတော့ GOKU ပါ။သူဟာ super sayain တစ်ယောက်ဖြစ်ပြီး Superman လိုပါပဲ။ ကမ္ဘာပေါ်မှာဆို သူတို့ဂြိုလ်မှာထက် ကြမ်းတမ်းနိုင်ပါတယ်။ သူဟာ ခနခနသေခဲ့ပေမဲ့ ခနခနပြန်အသက်ရှင်ပြီး GOD တွေနဲ့တောင် စိန်ခေါ်တိုက်ခိုက်ရတဲ့ Hero ပါ။ နောက်ဆုံး hero ကတော့ ပရိသတ်တွေသိလောက်မယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ်....God Of Thunder...Thor ပါ...Infinity War မှာ Thanos ကိုကျွေးသွားတာ တွေ့နိုင်ပါတယ်။

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။