ပရိသတ်ကြီးရေ. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

အမိုက်စား Body နဲ့ ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ ပုံရိပ်လေးတွေအပြင် ကြွေလောက်တဲ့ စရာ စကားပြောဟန်ပန်တွေကလည်း ပရိသတ်တွေကို ဖမ်းစားထားပြီး အားလုံးကို အချစ်ပိုစေတာပါနော်..။


မင်းသားချောပိုင်တံခွန်ကတော့ မြန်မာပရိသတ်တွေအပြင် ထိုင်းပရိသတ်တွေကြား အရမ်းကို ရေပန်းစားနာမည်ကြီးနေပြီး ထိုင်းနိုင်ငံပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့အတူ အချစ်တွေကိုပါ သိမ်းပိုက်ထားနိုင်တာ တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော် ပိုင်တံခွန်ကတော့ မကြာခင်မှာလည်း ထိုင်းပရိသတ်တွေအတွက် Fan Meeting လေး ပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် သြဂုတ်လ(၃)ရက်နေ့ နေ့လည်(၂)နာရီမှာ Century Park Hotel Ballroom မှာ Fan Meeting လေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်နော်..။


Fan Meeting အတွက် လက်မှတ်ဈေးနှုန်းတွေကလည်း Zone A၊ Zone B၊ Zone C ဆိုပြီး သုံးမျိုးသတ်မှတ်ထားပြီး Zone A အတွက် လက်မှတ်ဈေးနှုန်းကတော့ ထိုင်းဘတ်ငွေ (၃၅၀၀)ဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင်တော့ (၁၆၀၀၀၀) ဝန်းကျင်ရှိပြီး Zone B အတွက်ကတော့ ဘတ်ငွေ (၂၀၀၀) မြန်မာငွေ (၈၀၀၀၀) ကျော်ဝန်းကျင်ရှိသလို Zone C အတွက် ဈေးနှုန်းကတော့ ဘတ်ငွေ (၁၀၀၀) ဆိုပြီး သုံးမျိုး သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်နော်..။

Fan တွေအတွက် လက်ဆောင်လေးတွေလည်း ပါရှိမှာဖြစ်ပြီး ပျော်စရာကောင်းတဲ့ Fan Meeting ပွဲလေး ဖြစ်မှာ အသေအချာပဲမို့ ထိုင်းပရိသတ်တွေကလည်း သဘောကျပြီး ရင်ခုန်နေကြပါပြီနော်..။

Photo - ပိုင်တံခွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။