ပခုက္ကူမြို့နယ်တွင် ဧပြီ ၂၂ ရက်ညနေပိုင်းက တိုက်ခတ် ခဲ့သော လေပြင်းဒဏ်ကြောင့် လယ်ယာအုပ်စုဆင်ဖြူကုန်းကျေးရွာ အနောက်ဘက်ကားလမ်းပေါ် ထနှောင်းပင်လဲကျသဖြင့် ဆိုင်ကယ် စီးလာသူ မောင်ရှိုင်းထက်လင်း၊ ကမ္မမြို့နေသူ သစ်ကိုင်း ပိမိသဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးမှုဖြစ်ပွားရာ ပခုက္ကူခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဧပြီ ၂၃ ရက်နေ့လည် ၁၂ နာရီက ကျန်ရစ်သူမိသားစုများထံ ထောက်ပ့ံငွေပေးအပ် သည်။

..

ပခုက္ကူခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ ကမ္မမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်တို့နှင့် အတူ လေပြင်းတိုက်ခတ်၍ သစ်ပင်ကျိုးကျသဖြင့် အသက်ဆုံးရှုံး သွားခဲ့ရသော ကမ္မမြို့ အမှတ် ၈ ရပ်ကွက်မှ မောင်ရှိုင်းထက်လင်း၏ မိဘများထံသို့ နိုင်ငံတော်မှ ထောက်ပံ့သော ငွေ ၃၀၀၀၀၀ကျပ် (ကျပ်သုံးသိန်း) ကို သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

..

အလားတူ မြို့ပေါ်ရပ်ကွက်များတွင် လဲကျနေသောသစ်ပင်များအား ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအ ဖွဲ့ကအချိန်နှင့် တပြေးညီ ရှင်းလင်းဆောင်ရွက်ကြကြောင်း သိရသည်။

..

ခရိုင်ပြန်ဆက်

Ref : MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။