နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ အပြည့်အဝရရှိထားသူလေးပါပဲ..။

သီချင်းကောင်းလေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လးတွေနဲ့ ကျော့ရှင်းပြီး ညို့အားပြင်းတဲ့ ပင်ကိုယ်အလှတရားတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲနော်..။

အချစ်တော်လေး နန်းဆုကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပြီး အခမ်းအနားပွဲတော်တော်များများလည်း တက်ရောက်နေကာ ဇူလိုင်လ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Marevl Miniso ပွဲလေးကိုလည်း တက်ရောက်ခဲ့ပါတယ်နော်..။

G-Fatt နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး သူမရဲ့ ဖြူဝင်းတဲ့ အသားအရေလေးနဲ့ လိုက်ဖက်ညီလွန်းတဲ့ ရဲရဲတောက်အနီရောင်ဖက်ရှင်လေးနဲ့ ကျော့ရဇင်းစွာ လှသွေးကြွယ်နေတာ တွေ့ရပါတယ်နော်..။

အမြဲချစ်စရာပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်တဲ့ နန်းဆုလေးကတော့ အခုတစ်ခါမှာလည်း ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့အတူ တုနှိုင်းမဲ့စွာ လှရက်လွန်းနေသူလေးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းတဲ့ နန်းဆုလေးရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေလိုက်တာမို့ အားလုံးကလည်း သဘောကျနေကြမှာပါနော်..။

Photo - နန်းဆုရတီစိုး၊ A Linn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။