ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ဝါရင့်အနုပညာရှင်တွေအဖြစ် ပရိသတ်တွေသာမကပဲ အနုပညာရှင်တိုင်းကပါ ချစ်ခင်နေရသူတွေကတော့ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ စိုးမြတ်သူဇာပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာအောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားကြသူများဖြစ်ပြီး ကာရိုက်တာမျိုးစုံကိုအပိုလိုမရှိ သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ထူးချွန်ဆုတွေရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်တွေများစွာ အနုပညာအလုပ်တွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူမရိုက်ကူးသမျှဇာတ်ကားတိုင်းကိုလည်း ချစ်ခင်အားပေးကြတာ ယနေ့ထိတိုင်ပါပဲ။ မကြီးစိုဟာ ဇာတ်ကားတိုင်းကို အပိုလိုမရှိသရုပ်ဆောင်ထားတာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ယနေ့ထိတိုင်ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ရုပ်ရှင်ဇတ်ကားကြီးများအပြင် ကြော်ငြာများကိုလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မကြီးစိုးရဲ့မိခင်ဖြစ်သူက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပုံရိပ်လေးတစ်ခုဝေမျှထားတာပါ။ ဒါကတော့ သူမရဲ့သမီးကြီးဖြစ်တဲ့ စိုးမြတ်သူဇာနဲ့ရိုက်ကူးထားတဲ့ပုံရိပ်လေးပဲဖြစ်ပြီး " မကြီးစိုးက ဆိုင်ရောက်လာတယ်လေ။

သူအလုပ်ရှုတ်နေတုန်း မီးကကပ်ချွဲနေတာပါ။

ဒါမှမီးဆူခံမထိမှာ။

ဒါပေမဲ့ရောက်ရောက်ချင်းမီးသူငယ်ချင်း

လာဝယ်သွားတာ ချိတ်လုံချည်သုံးထည်တောင်မှ။

မီးကလာဘ်ကောင်လေးပါ။ " ဆိုပြီး ချစ်စဖွယ် ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Soe Kyi Phyu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။