ပရိသတ်ကြီးရေ.. အနုပညာလောကမှာ တေးသီချင်းကောင်းလေးတွေအပြင် ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားသူလေးကတော့ အဆိုတော်မလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်နော်..။

အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ ပန်းရောင်လေးကတော့ ရှည်လျားတဲ့ ဆံနွယ်ရှည်လေးတွေ၊ အပြုံးချိုချိုလေးတွေနဲ့ ချစ်စဖွယ်အမူအရာလေးတွေကို ပိုင်ဆိုင်ထားပြီး အနေအေးသူလေးလည်း ဖြစ်ပါတယ်နော်..။

ပန်းရောင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် ပန်းရောင်ခြယ်ဟာ ယောကျၤားလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ ရရှိထားတဲ့ ပြည်သူ့အသည်းကျော်လေးပါပဲ..။

ပနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောက်နေတဲ့ ပန်းရောင်လေးကတော့ အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေပြီး GREE Partners Conference နဲ့ New Products Launch လုပ်တဲ့ပွဲမှာလည်း သီချင်းလေးတွေ သီဆိုဖျော်ဖြေခဲ့တာ တွေ့ရပါတယ်နော်..။

အခမ်းအနားပွဲလေးမှာလည်း အနက်ရောင်ဖက်ရှင်လေးနဲ့ ကျော့ရှင်းစွာ လှရက်လွန်းနေတဲ့ ပန်းရောင်လေးရဲ့ ပုံရိပ်လေးတွေဟာ မဟူရာနတ်မိမယ်လေးရဲ့ အလှကြွယ်နေတာမို့ ပရိသတ်တွေအားလုံးကို ငေးမော အချစ်ပိုစေပါတယ်နော်..။

ဂရေဟမ်နဲ့အတူ သားအဖနှစ်ယောက် ဓာတ်ဖမ်းခဲ့ကြတဲ့ ချစ်စရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုလည်း မျှဝေထားသေးတာမို့လည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

photo - ပန်းရောင်ခြယ်၊ Phonn Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။