ပရိသတ်ကြီးရေ ခန္ဓာကိုယ်အမိုက်စားလေးနဲ့ ပုရသိတွေရဲ့ အသည်းစွဲဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင်အောန်ဆိုင်းကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် နိုင်ငံတကာအဆင့်မှီတဲ့ Miss တစ်ယောက်လည်းဖြစ်ပြီး ပရိသတ်အများအပြားရဲ့ချစ်ခင်လေးစားမှုကိုရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်းလန်းလန်းလေးတွေနဲ့ ပွဲတက်လာတဲ့ သူမရဲ့ အလှအပက မြင်သူတကာတို့ နှစ်ခါပြန်ကြည့်ရလောက်အောင်ပင်ဆွဲဆောင်ညှို့ယူနေတာဖြစ်ပါတယ်။


အောန်ဆိုင်းဟာ အဆီပိုမရှိတဲ့ ခန္ဓာကိုြယ်ဖစ်အောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ ပုံမှန်ကစားဖြစ်တာက ကျန်းမာရေးလိုက်စားခြင်းဖြစ်သလို သူမရဲ့ဝါသနာအရလို့ပြောရင်လည်းမှားမယ်မထင်ပါဖူးနော်။ ခရီးသွားဝါသနာပါသူဖြစ်ပြီး အဓိကအားဖြင့် adventure ခရီးတွေကို အများဆုံး စွန့်စွန့်စားစားသွားရောက်ရတာကို ခုန်မင်နှစ်သက်သူလည်းဖြစ်ပါတယ်။

အောန်ဆိုင်းက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ သူမဟာဆိုရင် "နိုင်ငံကြီးသား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း မင်းသားနေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပါ...။ သူမရဲ့ official page တွင် "ချစ်လို့ ပုံတွေအများကြီးတင်လိုက်တယ်" ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Awn Seng - Elizabeth

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။