ချစ်ပရိတ်သတ်ကြီးရေ... အေးမြတ်သူ ယုသန္တာတင်နဲ့ ခင်လေးနွယ် တို့ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တကယ့်နာမည်ကျော် မင်းသမီးချောလေးတွေပါပဲနော်။ ပရိတ်သတ်တွေအားပေးမှုကိုတစ်ခဲနက်ပိုင်ဆိုင်ထားသလို သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းကို ထူးချွန်အောင်မြင်နေကြတဲ့ သရုပ်ဆောင်တွေပါပဲ။ သူတို့ထဲက မင်းသမီးချောလေးအေးမြတ်သူက တော့ အကယ်ဒမီဆုကြီးကို ပူပူနွေးနွေးပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲနော်။

သူတို့ဟာ အရမ်းကို ခင်ပြီးအရမ်းချစ်တဲ့ သူငယ်ချင်းတွေလည်း ဖြစ်ကြပြီး ခရီးရှည်တွေသွားတဲ့အခါမှာတောင်အတူတူသွားနေကြပါနော်။ သုံးယောက်ဆုံတိုင်းလည်း အလုပ်ကိစ္စတွေကိုမေ့ပြီးတော့ ပျော်ရွှင်စရာတွေဖန်တီးတတ်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေအပြည့်နဲ့ ပျော်စရာFriendshipလေးကို ဖန်တီးထားကြပါတယ်နော်။

အခုလည်း သုံးယောက်သား UKက ဂန္တဝင် မန်ချက်စတာမြေပေါ်ကိုရောက်ရှိလို့နေပါတယ်နော်။ မန်ချက်စတာရဲ့ သူမတူတဲ့အလှအပတွေကြားမှာ အလုပ်ကိစ္စတွေကိုမေ့ပြီး စိတ်လွတ်ကိုယ်လွတ်နဲ့ သုံးယောက်သား ပျော်ပါးစွာလည်ပတ်ခဲ့ကြပါတယ်နော်။ အခုလည်း သူမတို့ဟာ နာမည်ကျော်Cambridge တံတား လေးပေါ်မှာ ရိုက်ထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးထားပြန်ပါတယ်နော်။ကဲ... လှပလွန်းတဲ့ တိုင်းတပါးမြေပေါ်က ရှားပါးအလှတရားတွေကြားမှာ မျက်စိပသာဒဖြစ်လောက်အောင်ကို လှပနေတဲ့ အေးမြတ်သူတို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။