ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ မင်းသားချောအောင်လေးနဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းတို့ကလည်း အပါအဝင်ပါပဲနော်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ချောမောပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုရပြီး အောင်မြင်တဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြတာလည်း တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေးနှစ်ယောက်ကတော့ အခုလတ်တလောမှာလည်း အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေပြီး အခုတစ်ခါမှာလည်း လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးတွေအဖြစ် ကြော်ငြာဓာတ်ပုံလေးတွေကို နှစ်ယောက်အတူ ရိုက်ကူးပေးထားတာမို့ ပရိသတ်တွေကိုလည်း သဘောကျ အချစ်ပိုစေမှာပါနော်..။

ရိုမန်တစ်ဆန်ပြီး ကြည်နူးစရာ စုံတွဲလေးအဖြစ် အတွဲညီညီသရုပ်ဆောင်ထားကြတဲ့ အသည်းကျော်လေးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူတိုင်းကို ကြည်နူးမှုလေးတွေ ကူးစက်ပျော်ရွှင်စေပါတယ်နော်..။

အခုတစ်ခါမှာလည်း ချစ်ပရိသတ်တွေအတွက် အတွဲညီပြီး လိုက်ဖက်ညီလွနးတဲ့ အောင်လေးနဲ့ နန်းစန္ဒာလှထွန်းတို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကိုလည်း အားလုံးပတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နန်းစန္ဒာလှထွန်း၊ Peters The Bridal Garden 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။