အလိုတော်ပြည့် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ရန်ကုန်မှ ပင့်ဆောင် လာသည့် ဗုဒ္ဓစွယ်တော်မြတ်နှင့်ဓါတ်တော်မွေတော်တို့သည့် ဧပြီလ (၂၂) ရက်နေ့ နေ့လည် (၀၁:၁၅) အချိန်တွင် ငပလီမြို့ ၊ မဇင်လေဆိပ် သို့ ရောက်ရှိလာရာ မြို့နယ်သံဃနာယက ဆရာတော်ကြီး များနှင့် သံဃာတော် များ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ ၊ ဂေါပကအဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများ ၊ ဓမ္မစင်္ကြာဝတ်ရွက်အသင်များ ၊ ဘုရားဖူးလာ ရောက်ပြည်သူ များ စုစုပေါင်း အင်အား (၃၀၀) ဦးခိုက်ဖူးမျှော်ကြိုဆိုခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓါတ်တော်တို့အားကြိုဆိုရေး အဖွဲ့ဝင် များနှင့် ငပလီမြို့ ၊ မဇင်လေဆိပ်မှ မြို့တစ်လျှောက်အပူဇော်ခံကြွချီ လာရာ ခေတ္တ သတင်းသုံးအပူဇော်ခံမည့် ဂျိတ္တောရပ်ကွက် ၊ အမတသုခတောရ ၊ မဒေးတောင် အလိုတော်ပြည့်တောရ ကျောင်း တိုက်တွင် အပူဇော်ခံ လျှက်ရှိကြောင်းသတင်းရရှိသည်။

မြို့နယ်၊ပြန်/ဆက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။