ပရိသတ်ကြီးရေ မင်းသမီးချောလေးခြူးလေးကတော့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ တက်သစ်စမင်းသမီးချောလေးပဲဖြစ်ပါတယ်။ခြူးလေးပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားများကိုလည်း ပရိသတ်တွေကနှစ်ခြိုက်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်လို့သူမရဲ့အိုင်တင်တွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။

ခြူးလေးက အခုဆိုရင်ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်နော်။ခြူးလေးရဲ့အလှလေးကလည်း ဘယ်သူနဲ့မှမတူဘဲအေးချမ်းကြည်လင်တဲ့အလှပိုင်ရှင်လေးပါ။သူမရဲ့ချစ်စရာအမူအရာလေးတွေနဲ့ကစားထားတဲ့Tiktokဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကကြည့်ရှု့ပြီး အရမ်းအားပေးကြပါတယ်နော်။

စိတ်သဘောထားလေးလည်းဖြူစင်အေးချမ်းတဲ့ခြူးလေးက ဖော်ရွေတဲ့စိတ်ထားလေးကြောင့်လူချစ်လူခင်လည်းပေါများပါတယ်နော်။အခုဆိုရင်တော့ ခြူးလေးက နူးညံ့သိမ်မွေ့တဲ့အသွင်ကိုဖော်ဆောင်တဲ့ ပန်းရောင်ဂါဝန်လေးကို ဝတ်ဆင်လာပြီးJCGVရဲ့ CINE&FORET ရုပ်ရှင်ရုံဖွင့်ပွဲကိုတက်ရောက်လာတာဖြစ်ပါတယ်။ပန်းရောင်ဂါဝန်လေးနဲ့ နတ်မိမယ်လေးတစ်ပါးလို လင်းလက်တောက်ပတဲ့အလှတရားတွေက ပွဲမှာထင်ထင်ရှားရှားမြင်နေရတဲ့ ခြူးလေးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Chue Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။