ပြည်သူချစ်အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ နှစ်ယောက် ရုပ်ရှင်ရုံသစ် ဖွင့်ပွဲကိုတက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ လိုက်ဖက် လွန်းတဲ့နှစ်ယောက်သားရဲ့ပုံရိပ်တွေဟာ မိနစ်ပိုင်းအတွင်းမှာ ပရိသတ်တွေကြားထဲ အတော်လေးရေပန်းစားပျံ့နှံ့သွားခဲ့ပြီး အားလုံးကလည်း သဘောတကျနဲ့ လိုက်ဖက် ကြောင်း ထောက်ခံစာတွေအများအပြားမှတ်ချက်ပေးခဲ့ပါတယ်။

နှစ်ယောက်လုံးရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ။ ချစ်ခင်ပွန်းရဲ့ဂရုစိုက်မှုတွေနဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုဘဝလေးကပေးတဲ့ ကြည်နူးချမ်းမြေ့မှုတွေကြောင့် အူဝဲတစ်ယောက် တစ်နေ့တစ်ခြား ပိုပိုပြီး အလှတွေတိုးလာတာ တကယ်ကိုအားကျစရာပါ။ Black & White ဖက်ရှင်ဆင်တူလေးတွေနဲ့ တူယှဉ်တွဲပြီးပွဲတက်လာခဲ့တာပဲဖြစ်ပါတယ်။ နှစ်ယောက် လုံးကြည်နူးပျော်ရွှင်ပြီး ပြုံးပျော်နေပုံလေးက ကြည့်နေတဲ့သူကိုပါ အပျော်တွေကူးစက်စေ လောက်ပါရဲ့။

ရုပ်ရှင်ရုံသစ်ဖွင့်ပွဲကြီးမှာ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေတော်တော်များများ တက်ရောက်ခဲ့ပြီး အားလုံးရဲ့အပြုံးပုံရိပ်လေးတွေနဲ့ ရင်းနှီးနွေးထွေးတဲ့ပုံစံလေးတွေက ချစ်စရာလေးကောင်းလွန်းနေပါ တယ်။ နှစ်ယောက်သားရဲ့ပွဲတက်ပုံရိပ်တွေမှာ တစ်ယောက်လက်တစ်ယောက်ချိတ်ပြီး ရင်းနှီးနွေးထွေးတဲ့အမူအရာလေးတွေကို မြင်သာ အောင်ပုံရိပ်လေးတွေနဲ့ တင်ဆက်ပေးလိုက်တယ်နော်။

Source - Eaindra Kyaw Zin

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။