ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ခေတ်တစ်ခေတ်ကတည်းက အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ခင်ဇာခြည်ကျော်ကတော့ အခုချိန်မှာဆိုရင် ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကတော့ ခန့်ညားချောမောတဲ့သားချောလေးရယ် အရမ်းချစ်စရာကောင်းတဲ့သမီးချောလေးရယ်ကိုSingle Mother တစ်ယောက်အဖြစ် ရပ်တည်ပြီးပြုစုပျိုးထောင်ပေးနေတဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလကတော့ မေမေ့ရဲ့အနုပညာအမွေတွေကိုဆက်ခံပြီး အနုပညာလမ်းကြောင်းပေါ်ကိုဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းနေတဲ့ တက်သစ်စအနုပညာရှင်လေးဖြစ်ပါတယ်။လက်တလောမှာတော့ ဘုန်းမင်းနေလက နိုင်ငံခြားမှာကျောင်းပြန်သွားတတ်နေတာဖြစ်ပါတယ်။မေမေခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးအတွက် အလုပ်တွေကြိုးစားပြီး ထူးချွန်ထက်မြက်အောင်ပြုစုပျိုးထောင်ပေးနေတာပေးနေတဲ့ မေမေပါနော်။

ခင်ဇာခြည်ကျော်ကတော့ အခုချိန်ထိလည်း ကလေးနှစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် အရွယ်တင်နုပျိုမှုတွေကတော့ အံ့မခန်းပါပဲနော်။ယနေ့ချိန်ထိလည်း ကျက်သရေရှိစွာလှပနေတဲ့သူမရဲ့အလှအပတွေကို ခင်ဇာခြည်ကျော်က Face app ကိုသုံးကာ"သမီးသစ္စာ မေ မေ အို သွား သောအခါ "ဆိုပြီး အရေးအကြောင်းကင်းစင်တဲ့မျက်နှာနုနုလေးကို ပုံစံပြောင်းလိုက်တဲ့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Khinzar Chikyaw Zar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။