ပရိသတ်ကြီးရေ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ အကယ်ဒမီမင်းသားချော မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်ပြီး သဘာဝကျတယ်လို့ ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။မြင့်မြတ်ကတော့ အခုချိန်မှာဆိုရင် ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်နော်။

မြင့်မြတ်ကတော့ အရမ်းချစ်စရာကောင်းတဲ့သားလေးကို မြတ်သူလို့နာမည်ပေးထားပြီး ပရိသတ်တွေကတော့ ဂျင်းကောင်လေး ဂျူနီယာမြင့်မြတ်လေးဆိုပြီး ချစ်စနိုးလေးနဲ့ခေါ်ဝေါ်ကြပါတယ်နော်။မြတ်သူလေးကလည်း အရမ်းချစ်စရာကောင်းပြီး တီတီတာတာလေးနဲ့မပီကလာပီကလာလေးပြောတတ်လို့ ဖေဖေမြင့်မြတ်က ချစ်မဝဖြစ်နေရတာဖြစ်ပြီး သားလေးအတွက်အတတ်နိုင်ဆုံး အချိန်အများကြီးပေးဖြစ်ပါတယ်။

ဖေဖေမြင့်မြတ်ကတော့ သားလေးနဲ့အတူရှိချိန်တွေဆို လက်ပေါ်ကမချနိုင်လောက်အောင် ရင်ခွင်ထဲပိုက်ပြီး အရမ်းချစ်နေတာပါနော်။သားလေးမြတ်သူကလည်း မေမေ့ရဲ့အလှအပတွေရယ် ဖေဖေ့ရဲ့ယောကျ်ားပီသတာတွေရယ် နှစ်မျိုးလုံးကိုရထားတာကြောင့် ကြီးလာရင် အရမ်းချောမယ့် ကလေးလေးပါနော်။အခုဆိုရင်တော့ မြတ်သူလေးက ဖေဖေနဲ့ ရှုတင်လိုက်ချင်လို့ စတိုင်လ်အမိုက်စားပြင်ဆင်ထားပြီး အရမ်းလန်းနေတဲ့ပုံရိက်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Source:Myat Wai Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။