အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အာဘွိုင်းကတော့ သူရဲ့သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာအောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးချောလေး မြတ်ရတနာကျော်ကလည်း ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ဦးဖြစ်ပါတယ်။

တူနှစ်ကိုယ်ဘဝတစ်ခု တည်ထောင်ပြီး အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ သူတို့ဇနီးမောင်နှံကို ပရိသတ်တွေက ဆက်လက်အားပေးနေဆဲ ဖြစ်ပါတယ်။ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဘွိုင်းတို့စုံတွဲက ''TomorrowLand EDM Festival '' ပွဲကြီးမှာ ဆင်နွှဲဖို့အတွက် Belguim နိုင်ငံကို ရောက်ရှိလို့နေတာ ဖြစ်ပါတယ်။

မနေ့ကတော့ သူတို့ဇနီးမောင်နှံက Belguim နိုင်ငံမှာရှိတဲ့ ''Antwerp City Hall'' ကိုသွားရောက်လည်ပတ်ခဲ့ကြပါတယ်။ ပျော်ရွှင်ကြည်နူးစွာ လျှောက်လည်နေတဲ့ သူတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုပါ အားကျစေခဲ့တာ ဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် ''Belgium'' နိုင်ငံရောက်အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Phyo Tun & Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။