ဂျပန်နိုင်ငံသို့ လေ့ကျင့်ခြေစမ်းရန် ရောက်ရှိနေသည့် မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည် ပထမဆုံး ခြေစမ်းပွဲစဉ်အဖြစ် ဆီရီဇို အိုဆာကာ ယူ-၁၈ အသင်းနှင့် ယနေ့ညနေပိုင်းက ကစားခဲ့ရာ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ အိုဆာကာမြို့ရှိ မီနာနီ ဆူမိုရီကွင်းတွင် ကစားခဲ့သော ခြေစမ်းပွဲမတိုင်မီ နေ့လယ်ပိုင်းမှ ပွဲပြီးချိန်ထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် နှစ်သင်းစလုံး ရုန်းကန်ခဲ့ရပါတယ်။

မြန်မာယူ-၁၈ အသင်း အနေဖြင့် အာဆီယံယူ-၁၉ ပြိုင်ပွဲနှင့် အာရှယူ-၁၈ ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် ခြေစမ်းပွဲဖြစ်သဖြင့် ပွဲချိန် ပထမပိုင်းနှင့် ဒုတိယပိုင်းတို့ကို မတူညီသည့် လူစာရင်းဖြင့် ပွဲထွက်ခဲ့ပါတယ်။မြန်မာယူ-၁၈ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် ဇော်ဝင်းသိန်း၏ ဖန်တီးပေးမှုမှတဆင့် တိုက်စစ်မှူး စောကျော်အဲက အပိုင်ကန်သွင်းယူခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် အိုဆာကာယူ-၁၈ အသင်းက ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးကာနီး ထပ်ဆောင်းအချိန်ပိုတွင် သက်ဟိန်းစိုး၏ ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး လမင်းထွေးက သွင်းယူခဲ့သဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် မြန်မာယူ-၁၈ အသင်းက ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း ဂိုးထပ်မသွင်းနိုင်သဖြင့် ပွဲအပြီးတွင် မြန်မာယူ-၁၈ အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။မြန်မာယူ-၁၈ အသင်း အနေဖြင့် ဇူလိုင် ၂၁ တွင် Osaka Sangyo University အသင်းနှင့် ဆက်လက်ခြေစမ်းမည် ဖြစ်ပါတယ်။ 

source:MFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။